မျက်စိရှေ့ရှိလူသည် ဆေးသုံးလျှက်။စုန့်ကျိုးသည်ပါလာသမျှပစ္စည်းများအား ထိုလူ့ဘေးတွင်ချပေးလိုက်၏။မျက်လုံးတစ်ချက်ဝေ့ကြည့်လို့ ဆေးသုံးမပျက်ခဲ့ပါ။မိန်းမူးနေပါသောထိုလူ့ပုံစံသည် အနည်းငယ်တော့စိတ်ပျက်စရာပင်။သို့ပေမဲ့စုန့်ကျိုးအတွက်ရာ သူရဲကောင်းတစ်ဦးဖြစ်ခဲ့ဖူးသည်။
"မင်းဆေးနည်းနည်းလျှော့သုံးသင့်တယ် အဲ့လိုမဟုတ်ရင်ဆရာဝန်ခေါ်ပေးရတော့မယ်"
"ဒီနေရာကို.ဆရာဝန်ခေါ်လာနိုင်လို့လား..ကျုပ်ကပုန်းပြီးနေရတဲ့လူလေ.."
ကုတင်စောင်းတွင် ဆေးရှိန်နှင့်ပျော်ပွေ့နေသူ။ စုန့်ကျိုး၏မိန်းမ မီးဖွားစဉ်ကာလတွင်အဖြစ်များသည်စတင်၏။အသက်ကြီးကာမှကလေးရပါသောသူတို့မိသားစု။ သူ့မိန်းမသည် မီးဖွားမည့်ကလေးလေးအားအင်မတန်မှအချစ်ပို၏။ ဆေးရုံထက်တွင် မီးဖွးစဉ် ကံကြမ္မာဆိုးသည်သူတို့လင်မယားအပေါ်ကျရောက်ခဲ့၏။ မွေးဖွားသည့်အခါ မိခင်အဆင်ပြေသော်လည်း ကလေးသည်အသက်ပါမလာခဲ့ပါ။ထိုကိစ္စအား သူ့မိန်းမသိပါက စိုးရိမ်ရမည့်အဖြစ်ပေ။
ထိုအချိန်တွင် ယခုမျက်စိတွင်ဆေးရှိန်နှင့်ပျော်မွေ့နေသူသည် ကလေးတစ်ယောက်ချီလို့သူ့ထံကိုရောက်လာခဲ့၏။ ထိုကလေးအားသူ့အားပေးမည်ဆိုသည်ကြောင့် အံသြခဲ့ရပေမဲ့ သူ့မိန်းမစိတ်မထိခိုက်ဖို့ရာ လက်ခံဖို့ထိုကလေးငယ်အားခေါ်ယူခဲ့သည်။ သေဆုံးသည့်ကလေးနေရာအစားထည့်လို့ပေါ့။မွေးကင်းစမဟုတ်ပေမဲ့ ၁လသာရှိသည့်ထိုကလေးသည် အကောင်သေးသေးနှင့်နီတာရဲလေးပါပင်။လိမ်ဖို့ရာမခက်ခဲမှုကြောင့် ပြဿနာများအားသူကိုယ်တိုင်ယူခဲ့ပါသည်။ ကလေးပေးမှုအနေဖြင့် အပေးတစ်ခုရှိခဲ့သည်။လူတစ်ယောက်လိုက်သတ်နေမှုကြောင့် ယခုထိုလူအားကာကွယ်ပေးထားရသည်။
သားကျိရန်၏အသက်နှင့်တွက်မည်ဆိုပါက၁၇နှစ်တောင်ရှိခဲ့ပါပြီလား။ သား၏အသက်၁၀နှစ်ခန့်တွင်သူ့မိန်းမဆုံးပါးခဲ့သည်။သို့ပေမဲ့သားလေးကျေးဇူးဖြင့် သူ့မိန်းမ၁၀နှစ်တောင်ပျော်ရွှင်ခဲ့ရပါသည်။ထို့ကြောင့်လည်း ကျေးဇူးတစ်ဖြင့်ဆေးစွဲနေသောထိုလူအားကာကွယ်ပေးထားရခြင်းပင်။
YOU ARE READING
Daddy, don't hurt me (Completed)
FanfictionI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...