မနက်အစောထပြင်ဆင်နေသည့်ကျောချန်။ ကျောင်းပိတ်ရက်မှာဖုန်းနှင့်ဆက်သွယ်လို့ရပေမဲ့မျက်နှာနုနုအားမြင်ချင်ပါသည်။ကျန်ခဲ့သည့်လွယ်အိတ်လေးအားလာပေးသည်ဆိုလျှင်အိမ်အတွင်းတော့ခြေချနိုင်ပါလိမ့်မည်။ ကျောပိုးအိတ်လေးအားတစ်ချက်နမ်းရှိုက်လို့အောက်ထပ်သို့ဆင်းခဲ့၏။ အချစ်ဆိုဒါလားပေါ့လေ။အမြဲတမ်းမြင်ချင်နေမိတာ။"ဘယ်ကိုလည်း သား.."
အဖေ့၏ခေါ်သံ။သတင်းစာဖတ်နေသူအနားအားဝင်ထိုင်လိမ့်တော့သည်။အမေ မရှိ၍အဖေတစ်ယောက်တည်းသာမို့သူသည်စကားတော့နားထောင်သည်။အဖေသည်လည်းသူ့အားအလွန်ချစ်သည်။ ဘာပြောမလည်းနားထောင်စဉ်အဖေသည် သတင်းစာကိုဘေးသို့ချ၏။
"ညနေဧည့်သည်လာမယ်.အဲ့ဒါသားနဲ့လည်းတစ်ခါတည်းမိတ်ဆက်ပေးမလို့..အပြင်သွားစရာရှိရင်ဖျတ်လိုက်.."
"ဟာ.အဖေအဲ့လိုမရ.."
သူရှောင်းကျန့်ဆီသို့သွားချင်သည်။သို့ပေမဲ့အဖေသည်အမိန့်ပေးနေ၏။ရဲမှူးလို့ပြောစရာပင်မလိုအပ်ခဲ့ပါ။တိုက်တိုက်ဆိုင်ဆိုင်ဒီနေ့မှအဖေသည် အလုပ်မသွားဘူးတဲ့လား..။ဆံပင်များကိုဆွဲဖွပစ်တော့အဖေသည်ပြုံး၏။သူသည်သားဆိုးကလေး။ရှောင်းကျန့်ဆိုသည့်ကောင်လေးကြောင့် အငြင်းစကားတော့ဆိုရပေမည်။
"ဧည့်သည်ကညနေမှလေ မနက်ပိုင်းသွားလို့မရဘူးလား"
"ဆိုင်ကယ်အသစ်လိုချင်တယ်ဆို"
မငြင်းနိုင်တော့။တောင်းထားသည့်ဆိုင်ကယ်အသစ်ကလေးသည်ရှောင်းကျန့်နဲ့စီးဖို့ရာ။ကိုယ့်ခါးနောက်တွင်ဖတ်လို့ဆိုင်ကယ်အတူစီးမည်ကိုသူလိုအပ်ခဲ့သည်။ လွယ်အိတ်ကလေးသာပြန်ယူလို့ အပေါ်ပြန်တတ်ရတော့၏။သူဆိုတာလည်း ရှောင်းကျန့်ဆိုသည့်ကောင်လေးကြောင့် အလျော့ပေးနေတတ်တာ....။ပြုစားလွန်းသူရယ်လေ...။
YOU ARE READING
Daddy, don't hurt me (Completed)
FanfictionI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...