part22❄

7.1K 567 36
                                    

"​အေးချမ်း​နေရဲ့လားအ​ဖေ ကျွန်​​တော်​လာလည်​တယ်​​နော်​"

ခပ်​မို့မို့​မြေပုံက​လေးအားကြည့်​ရင်းဟိုက်​ခွမ်း​ပြောမိသည်​။ အ​ဖေ့အားညီမ​ဇောနှင့်​စိတ်​နာခဲ့​ပေမဲ့ အ​ဖေပါပဲ။သေဆုံးစဉ်​​ရောက်​လာခဲ့​ပေမဲ့အ​ဖေ့အသက်​အားဟိုက်​ခွမ်းမမှီခဲ့ပါ။ သားသမီးစိတ်​ဖြင့်​ဆုံးပါးသွားပါ​သောအ​ဖေ။၁၇နှစ်​​တောင်​ပြည့်​ခဲ့ပြီ။ညီမ​လေးဆုံးပြီး​နောက်​ အ​ဖေပါလိုက်​ပါသွားသည်​မဟုတ်​ပါလား။

"ကျွန်​​တော်​တို့​မောင်​နှမ​တွေကံမ​ကောင်းပါဘူး.."

စိတ်​ဒဏ်​ရာကိုယ်​စီရှိသည်​မို့ထိုသို့​ပြောမိခြင်းပင်​။အနားတွင်​​တော့ ညီမ​လေး၏​မြေပုံ​လေးသည်​ပန်းစည်း​လေးနှင့်​အတူရှိ​နေ၏။ အ​ဖေအထီးကျန်​​နေမည်​​တော့မဟုတ်​ပါ​လေ။

"ခဗျားအဲ့လိုမျိုးမ​နေနဲ့"

သူ့လက်​အားမရဲတရဲကိုင်​ရင်း​ပြောသူသည်​ညီဖြစ်​၏။ ​ခေါ်လာခဲ့ခြင်းမဟုတ်​​ပေမဲ့ လိုက်​ပါလာခဲ့သည်​။ခါတိုင်းနှစ်​များလိုတစ်​​ယောက်​တည်း​ရောက်​လာရသည်​မဟုတ်​ကို​တော့ သူ​ပျော်​ပါ၏။အ​ကြောင်းရင်းသည်​ညီဖြစ်​​နေလို့ပင်​။

"ကိုယ့်​ရဲ့အ​ဖေ​လေ ညီနဲ့တစ်​ခါတည်း​ပေး​တွေ့ရတာ​ပေါ့"

ခါး​လေးကိုင်းရင်း​မြေပုံအားအရို​သေပြုသည်​။ထိုအချိန်​တွင်​သူလုပ်​မိခြင်းသည်​ညီ့၏​ရှေ့တွင်​ဒူး​ထောက်​မိခြင်း။ခြေနှစ်​​လှမ်း​လောက်​ဆုတ်​သွား​သောညီသည်​သူ့အားအံ့သြတကြီးကြည့်​၏။ရင်​ထဲရှိစကားအား သက်​​သေထားလို့​ပြော​ပါ​တော့မည်​။

"ခဗျားဘာလုပ်​တာလည်း..အခုထပါ.အမြင်​မ​ကောင်းပါဘူး"

"ကိုယ်​ဒီမှာဝန်​ခံစရာ​လေးရှိလို့.."

ညီသည်​မျက်​​မှောင်​ကုတ်​​​လေးကုတ်​လို့ကြည့်​လာ၏။ဒူး​ထောက်​ရက်​နှင့်​လက်​က​လေးနှစ်​ဖက်​အားစုတ်​ကိုင်​လိုက်​သည်​။

"ညီမကြိုက်​မှန်းသိ​ပေမဲ့ ချစ်​တယ်​ညီ..အ​ဖေ့​ရှေ့မှာ​ပြောတာမို​ လိမ်​တာမပါပါဘူး.."

Daddy, don't hurt me (Completed) Où les histoires vivent. Découvrez maintenant