မီးခိုရောင်ဝတ်စုံလေးနှင့် ကလေးငယ်သည် လူကြီးလေးလိုအသွင်ယူ၏။အရေးကြီးသည့် ပွဲတစ်ခုတွင် ကလေးငယ်သည်အဓိကနေရာမို့ခေါ်သွားမှဖြစ်မည်။ အကျီ င်္ကြယ်သီးလေးအားတပ်ဆင်မှုအပြီးတွင် ပြီးပြည့်စုံခဲ့ပြီ။သို့ပေမဲ့ကလေးငယ်၏မျက်နှာသည် အနည်းငယ်မှိုင်နေ၏။ ပထမဆုံးတတ်ရောက်သည့်ပွဲအတွက်ကလေးငယ်အဆင်သင့်ဖြစ်ပုံမပေါ်ပေ။ မျက်နှာလေးအားဆွဲယူမော့လို့ နဖူးပေါ်သို့ခြွေမိသောအနမ်း။.ပြုံးသွားသောနှုတ်ခမ်းစွန်းလေးရယ်လေ။ ဆံပင်လေးအားအသာပွတ်လို့ ကလေးငယ်အဆင်ပြေစေသည်။
"daddyနဲ့အတူတတ်ရမှာ အခက်ခဲရှိလို့လား."
"ဟင့်အင်း.ဒါကကျွန်တော့်အတွက်ပထမဆုံးလေ.အဲ့ဒါကြောင့် ပြီးတော့ ဒီအကျီ င်္တွေဝတ်ရတာအဆင်မပြေဘူး.."
suit လေးနဲ့ကလေးငယ်အသားကျပုံမပေါ်ပေ။အမြဲတစေကလေးတစ်ယောက်လိုထားခဲ့ပါသည်။ဆင်ပေးမှုသည် အကျီ င်္ပွပွနှင့် ဘောင်းဘီအတိုလေးများသာမို့ ထိုကလေးငယ်အနေကျပ်နေလိမ့်မည်။
"သိပ်မကြာပါဘူး..daddyအကျီ င်္လဲဦးမယ်..ဂိမ်းစော့ပြီးစောင့်မလား..."
ဗီဒိုအတွင်းရှိ ဝတ်စုံအားထုတ်ရင်းဆိုမိ၏။ကလေးငယ်သည်သူ့လက်ထဲရှိခဲရောင်ဝတ်စုံလေးအားမျက်တောင်မခတ်တမ်းကြည့်လာသည်။ ထိုဝတ်စုံကလေး။ ကလေးငယ်ဆေးရုံတတ်နေစဉ်မှာ အခန်းရှင်းရင်းတွေ့မိခြင်းပင်။ သူ့အတွက်ဆိုတာသေချာသည်မို့ တနေ့တော့ဆင်တူဝတ်နိုင်အောင်သိမ်းယူမိခြင်း။ကြည့်လာသောမျက်ဝန်းလေးသည် မျက်ရည်ကြည်များနှင့်။
"ကျစ်.မျက်ရည်တွေ.."
ဝတ်စုံအားကုတင်ပေါ်တင်လို့ ကလေးငယ်မျက်ရည်အားအလျင်မြန်သုတ်ပေးမိသည်။ တစ်ကိုယ်လုံးမြတ်နိုးရပါသောကလေးငယ်တွင် သူမကြိုက်ဆုံးသည်ထိုမျက်ရည်များပင်။ ဘုရားရှင်အားအပြစ်တင်ချင်ပါ၏။ဘာလို့များ ကလေးငယ်အဖို့ရာမျက်ရည်ထည့်ပေးလိုက်သည်လည်း။
YOU ARE READING
Daddy, don't hurt me (Completed)
FanfictionI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...