ဆူညံသည်လို့မဆိုသာသလို အေးဆေးရှိမနေသည့် ပင်မဆောင်သည် အသံများညံနေလျှက်။ ကျောင်း၏ပွဲဖြစ်တာမို့ လူများသည်လမ်းသွားလမ်းလောက်သာချန်ထား၏။ စင်မြင့်ထက်ပေါ်တွင် မော့ရှင်းလုံသည် ခေါင်းမော့ကာကျောင်း၏kingနေရာအားရယူထားပြီဖြစ်သည်။ ရှောင်းကျန့်သည် ထိုပွဲ၏နောက်ဆုံးနေရာ၌မတ်တပ်ကလေးပင်။ အပိတ်သီချင်းအားဆိုရမည့်သူသည် အဆင်သင့်မဖြစ်သေးခဲ့။လာမည်ဟုပြောထားပါသောdaddyရယ်လေ။ ရောက်ရှိမလာသေး၍ ရှောင်းကျန့်ခေါင်းလေးသည်အဝင်ဝသို့သာမူ၏။ ဆရာမ၏တောင်းဆိုမှုကြောင့်ရှောင်းကျန့်သည် ပွဲအပြီးသီချင်းအားဆိုပေးရမည်။ ပွဲမပြီးခင် လူမနည်းစေရန်ဆရာမသည်ထိုသို့ရွေးချယ်သည်တဲ့။
"မလာကြသေးဘူးပဲ.."
သူ့အပြင်အနားတွင်ကျိရန်ရှိနေလျှက်။တိုးသဲ့သဲ့အသံသည် ရှောင်းကျန့်အဖို့သက်ပျင်းချသံသာရရှိတော့သည်။daddy ကတိပေးထားပါ၏။ လက်ရှိတွင်တော့အဝင်ဝတွင်daddy အားမမြင်ရပါ။ထို့နည်းတူ ဦးဟောက်ရွှမ်းလည်းမတွေ့ရ။အနားရှိထိုင်ခုံတွင်တော့ ဦးဦးနှင့်ကျောချန်သည်ရှိနေပါ၏။
"ရှောင်းကျန့်..သားသီချင်းဆိုဖို့နေရာယူထားပေးတော့နော်"
ဆရာမ၏အသံသည်အနားသို့ရောက်စွာ။ဟုတ်ကဲ့လို့မပြောနိုင်သည်အထိပင်။ခေါင်းလးငြိမ့်ပြမိတော့ဆရာမသည်အပြုံးနှင့်ထွက်ခွာ၏။ ပခုံးပေါ်သို့ရောက်လာသည့်လက်သည်ကျောချန်ဆီကပင်။ရှောင်းကျန့် အာရုံမရချင်။
"ဦးဝမ်ရိပေါ်ကရောက်လာမှာပါ.."
"ဟုတ်ပါတယ်ကွာ..နေရာယူထားလိုက်လေ..ရောက်လာရင်ငါတို့ပြောလိုက်မယ်.."
သူငယ်ချင်းနှစ်ယောက်စကားသံကြောင့်ပြုံးမိရုံသာ။ မှန်၏။daddyကလာမည်လို့ပြောထားသည်မဟုတ်ပါလား။
"ဦးဦးဖုန်းဆက်ပေးထားမယ်..ကလေးကဆရာမဆီသွားတော့"
YOU ARE READING
Daddy, don't hurt me (Completed)
FanfictionI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...