ရှောင်းကျန့် အားယူလို့ငေးမော့မိချိန်....
ကြွေရာမျက်ရည်သည်....သုတ်ပေးမည့်ရှိခဲ့ပြီ။
စီးဆင်းလျှက်ပုလဲရည်တို့သည် ပိုင်ရှင်မှန်၏လက်မပွတ်ဆွဲရာသို့။ မစဲနိုင်စွာသွန်းချမိတော့သည်။ ရှောင်းကျန့်၏မျှော်လင့်မိရာ။နေဝင်အရိပ်သဲ့သဲ့သည် ယခုတွင်အလင်းရှိခဲ့ပြီ။ ယိုင်နဲ့စွာခြေထောက်များ အားယူထလို့ပိုင်ရှင်ဆီသို့ခိုဝင်ခဲ့ပြီ။ ကျောပြင်သို့ကျရောက်သည့်လက်ဖဝါးသည် မျှော်လင့်နေခဲ့သည့်နွေးထွေးမှု။
"ကလေးငယ်"
အသံတစ်ခုမှာရှောင်းကျန့်သေချာခဲ့ပြီလား။ ရင်ခွင်အတွင်းခေါင်းတိုးဝင်လိုမော့မကြည့်ရဲခဲ့ပါ ။ခါးအားတင်းကျပ်စွာဖက်ထားမိသည်။လွတ်ထွက်သွားမှာရှောင်းကျန့်သိပ်ကြောက်လို့။ မျက်စိရှေ့တွင် သွေးအေးစွာထွက်ခွာသူdaddyပါ။ထပ်လို့ဖြစ်ခဲ့လျှင် ရှောင်းကျန့်ရူးပါလိမ့်မည်။ တင်းကျက်စွာပိုလို့ပင်။ ရှောင်းကျန့်ထပ်လိုလွှတ်မပေးချင်ဘူး...။
"မျက်နှာလေးကြည့်ပါရစေဦး ကလေးငယ်ရယ်.."
ပခုံးထက်သို့နူးညံ့စွာကိုင်ဆောင်နေသူ။ ခေါင်းလေးအတင်းခါလို့ ရင်ခွင်အတွင်းမထွက်ချင်ခဲ့။ ရှောင်းကျန့်၏ခံစားချက်များအားမည်သူနားလည်ပေးနိုင်မည်လည်း။အရိပ်ပေလို့ စိတ်ကူးရာဖြစ်နေလျှင်တောင် ရူးမိုက်စွာဖမ်းစုပ်ထားမှာ။ လွှတ်ထွက်မည့်အလားတင်းကျက်နေမိတော့ သက်ပျင်းချသဲ့သဲ့။ ရှောင်းကျန့်ကြည့်ချင်ခဲ့ပြီ။တစ်ကြိမ်မော့ကြည့်မိသည့်မျက်နှာအား တစ်ဖန်ကြည့်ချင်ပေမဲ့ နှလုံးသားလေးသိပ် ကြောက်သည့်အခါ။ လေတိုက်တုင်းလွှင့်ထွက်ရာဆံနွယ်သည် ခဲစားမိမှုနွေးခနဲ။
"daddyရဲ့ကလေးငယ်.."
"...."
"အရမ်းလွမ်းနေခဲ့တာ.."
YOU ARE READING
Daddy, don't hurt me (Completed)
FanfictionI only write Yizhan fanfic. So, be careful of reading lists. အရမ်းနာကျင်အောင်လုပ်တဲ့daddyကိုမုန်းရမှာလား..နှလုံးသားကdaddyရေတဲ့..အရမ်းဆိုးလွန်းတာမလား..နုနယ်တဲ့နှလုံးသားကိုဖျက်ဆီးတာအရမ်းတော်တာလား..ဟင့်အင်း ကျွန်တော်ကိုယ်တိုင်ကပျက်...