part69❄

4.4K 353 33
                                    

ရေချိုးခန်း​လေးအတွင်းသည်​ တိတ်​ဆိတ်​ငြိမ်​သက်​လို့။ဘေစင်​၌​ရေစက်​အသံက​လေးသည်​ ထိုတိတ်​ဆိတ်​မှုအားဖြိုခွင်း၏။ အနီးတစ်​ဝိုက်​တွင်​ ဓားပါးပါးနှင့်​ လှီးသင်​​ထားမိသည့်​ ​ရှောင်းကျန့်daddy ၏နှုတ်​ခမ်း​မွှေးများ။ လက်​ရှိအ​နေထားတွင်​​တော့ ​ရှောင်းကျန့်​၏လက်​က​လေးသည်​ daddy၏ဆံပင်​များ​ပေါ်တွင်​။ bathtube အတွင်း​ဒူးတစ်​ဖက်​အား​ထောက်​လို့ ​daddyထိုင်​​နေသည်​။နောက်​​ကျောတွင်​ခုံပု​လေးတစ်​လုံးနှင့်​​ရှောင်းကျန့်​..။၂လအကြာတွင်​မ​ဆေး​ကြောခဲ့​သော daddy ၏ဆံပင်​အား​လျှော်​​ပေးမိသည်​။ ​အ​ရောင်​ညစ်​ညစ်​ထွက်​သည့်​အခါ​ရှောင်းကျန့်​စိတ်​မ​ကောင်းခဲ့။ daddyသိပ်​ပင်​ပန်းခဲ့သလား။

"က​လေးငယ်​လက်​လေးပျက်​စီးသွားမယ်​.."

"ကျွန်​​တော်​ကအဲ့​လောက်​မနုပါဘူး.."

သက်​ပျင်းအသာချသည့်​daddyရယ်​ပါ။ လက်​က​လေးများသည်​ဆံပင်​များအတွင်းထိုးဝင်​လို့ရှင်းသန့်​​စေသည်​။ သုံးကြိမ်ြ​မှောက်​​သော​ရေ​လောင်းမှုအပြီး..အ​တော်​တန်​​နေထိုင်​လို့​ကောင်းပြီလား..။ အထမဆုံး​ရှောင်းကျန့်​၏ကြိုးစားမှု​လေး။ ​ခေါင်း​လျှော်​ရည်​နံ့နံ့သင်းသင်း​လေးရသည့်​အခါပြုံးမိသည်​။ daddy ဆံပင်​သည်​ အမြဲတမ်းသပ်​ရပ်​ခဲ့သည်​မဟုတ်​ပါလား။

"ပြီးသွားပြီdaddy.."

"အင်း...​မွှေး​နေတာပဲ.."

ခေါင်း​လျှော်​ရည်​အနံ့သင်း​လေးအားdaddyဆိုခြင်းမဟုတ်​။ ဆံပင်​​ပေါ်ရှိသူ့လက်​များအား လည်​ပင်းတွင်​ပတ်​​စေလို့ အမြတ်​တနိုးနမ်းရှိုက်​​နေသည့်​daddyပါ။ daddyမမြင်​ရ​ပေမဲ့လည်း ​ရှောင်းကျန့်​မျက်​နှာ​လေးပန်း​သွေးခြယ်​လို့။daddyနှင့်​ပတ်​သတ်​လျှင်​ အ​သေးဖွဲ့​လေးကစလို့​ရှက်​တတ်​ပါ၏။ လက်​​ချောင်းက​လေးများအား.တစ်​​ချောင်းမချန်​စွာ နမ်းမှုတွင်​​ရှောင်းကျန့်​မှာတွန့်​ခနဲ။ ထိုအထိ​တွေ့များသည်​ မခံစားရခဲ့သည်​မှာကြာမြင့်​ခဲ့သည်​ကို....။

"အ့..daddy!"

ရုတ်​တရပ်​ဖြစ်​သွားသည့်​ကိစ္စတစ်​ခု။နောက်​ထံပါးရှိသူ့အား တစ်​ပတ်​လှည့်​လို့်​​ bathtube အတွင်းဆွဲချပစ်​သည့်​daddy။ နာကျင်​မည်​ဆိုး၍လားမသိလက်​အားကိုင်​လို့ဆွဲချခြင်းမဟုတ်​။ကိုယ်​တစ်​ပတ်​လှည့်​စွာ ခါးထက်​ချီလို့ပင်​။ ယခု ​ရှောင်းကျန့်​၏ခါးကျင်​ကျင်​​လေးသည်​ daddyလက်​အတွင်း၌။ မည်​သည့်​အရာအားဖမ်းစုပ်​ရမည်​မသိ​သော သူ့လက်​က​လေးများသည်​ ​လေတွင်​ရပ်​တန့်​လို့..။ပါးစပ်​က​လေးဝိုင်း​နေမိ​တော့ ခပ်​​သော့​​သော့ရီလာသည့်​daddyရယ်​ပါ။

Daddy, don't hurt me (Completed) Where stories live. Discover now