[Unicode]
စာရေးသူအနေနဲ့ ခရီးသွားဖူးစာ ဇာတ်လမ်းကို ရေးသားချင်တဲ့အတွက် ကိုယ့်ရဲ့ VIP ဆိုတဲ့ Boy Love Fiction ကို ဇာတ်အိမ်ဖွဲ့ ရေးသားဖြစ်ခဲ့ပါတယ်။ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ကို ပျံသန်းမယ့် လေယာဉ်ခရီးစဉ်ပေါ်မှာ Joy နှင့် ခေတ် ဆိုတဲ့ ကောင်လေးနှစ်ယောက်ရဲ့ တွေ့ဆုံမှုကနေ Fiction ကို အစပျိုးထားပါတယ်။Fiction ကို ရေးဖွဲ့ရာမှာ ဇာတ်ကောင်နှစ်ဉီးရဲ့ ရင်တွင်းခံစားချက်ကို အလေးအနက်ထား ရေးသားခဲ့ပါတယ်။ သူတို့ပျော်ရွှင်နေရင် စာရေးသူပါ ပျော်ရွှင်ခဲ့တယ်။ သူတို့ နာကျင်ခံစားနေရရင် စာရေးသူပါ မျက်ရည်ကျခဲ့ပါတယ်။ သူတို့ သွားသမျှသော ခရီးစဉ်အနောက်ကို လိုက်ပါပြီးတော့ ရေးသားဖြစ်ခဲ့ပါတယ်။
Joy က မော်ဒယ်လ်အလုပ်ကို ရပ်ပြီး၊ Attraction ရေမွှေးကုမ္ပဏီမှာ ဉက္ကဋ္ဌတာဝန်ကို ထမ်းဆောင်တဲ့အခါမှာ လည်း သွက်လက်ထက်မြတ်တဲ့ လူငယ်စီးပွားရေးလုပ်ငန်းရှင်ရဲ့ ဇာတ်ကောင်စရိုက်ကို သရုပ်ပီပြင်အောင် ဇာတ်ကောင်ကို ပံ့ပိုးပေးရမယ့် လုပ်ငန်းခွင်ဗဟုသုတ၊ လုပ်ငန်းစီမံခန့်ခွဲမှုများ၊ ဇာတ်လမ်းအရ အငှားကိုယ်ဝန်ဆောင်ခြင်းနှင့်ပတ်သက်တဲ့ သိမှတ်ဖွယ်ရာများကို စာဖတ်သူတွေ နားလည်ရလွယ်ကူအောင် အတတ်နိုင်ဆုံး ရှာဖွေလေ့လာမှတ်သားပြီး ရေးသားဖြစ် ခဲ့ပါတယ်။
Fiction မှာ ဇာတ်ကောင်နှစ်ဉီးကြားက လေးနက်သော ချစ်ခြင်းမေတ္တာအပြင် ဗဟုသုတရစရာ အကြောင်းအရာ များ၊ ဒေသန္တရ ဗဟုသုတများကိုပါ ထည့်သွင်းရေးသားထားတဲ့အတွက် စာဖတ်သူတို့ စိတ်ကျေနပ်နှစ်သက်မှုကို ရရှိကြ လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
SmileApple
16-4-2019_
________________________________________
[Zawgyi]
စာေရးသူအေနနဲ႕ ခရီးသြားဖူးစာ ဇာတ္လမ္းကို ေရးသားခ်င္တဲ့အတြက္ ကိုယ့္ရဲ႕ VIP ဆိုတဲ့ Boy Love Fiction ကို ဇာတ္အိမ္ဖြဲ႕ ေရးသားျဖစ္ခဲ့ပါတယ္။ ကိုရီးယားနိုင္ငံ၊ ဆိုးလ္ၿမိဳ႕ကို ပ်ံသန္းမယ့္ ေလယာဥ္ခရီးစဥ္ေပၚမွာ Joy ႏွင့္ ေခတ္ ဆိုတဲ့ ေကာင္ေလးႏွစ္ေယာက္ရဲ႕ ေတြ႕ဆုံမႈကေန Fiction ကို အစပ်ိဳးထားပါတယ္။Fiction ကို ေရးဖြဲ႕ရာမွာ ဇာတ္ေကာင္ႏွစ္ဉီးရဲ႕ ရင္တြင္းခံစားခ်က္ကို အေလးအနက္ထား ေရးသားခဲ့ပါတယ္။ သူတို႔ေပ်ာ္႐ႊင္ေနရင္ စာေရးသူပါ ေပ်ာ္႐ႊင္ခဲ့တယ္။ သူတို႔ နာက်င္ခံစားေနရရင္ စာေရးသူပါ မ်က္ရည္က်ခဲ့ပါတယ္။ သူတို႔ သြားသမွ်ေသာ ခရီးစဥ္အေနာက္ကို လိုက္ပါၿပီးေတာ့ ေရးသားျဖစ္ခဲ့ပါတယ္။
Joy က ေမာ္ဒယ္လ္အလုပ္ကို ရပ္ၿပီး၊ Attraction ေရေမႊးကုမၸဏီမွာ ဉကၠ႒တာဝန္ကို ထမ္းေဆာင္တဲ့အခါမွာ လည္း သြက္လက္ထက္ျမတ္တဲ့ လူငယ္စီးပြားေရးလုပ္ငန္းရွင္ရဲ႕ ဇာတ္ေကာင္စရိုက္ကို သ႐ုပ္ပီျပင္ေအာင္ ဇာတ္ေကာင္ကို ပံ့ပိုးေပးရမယ့္ လုပ္ငန္းခြင္ဗဟုသုတ၊ လုပ္ငန္းစီမံခန႔္ခြဲမႈမ်ား၊ ဇာတ္လမ္းအရ အငွားကိုယ္ဝန္ေဆာင္ျခင္းႏွင့္ပတ္သက္တဲ့ သိမွတ္ဖြယ္ရာမ်ားကို စာဖတ္သူေတြ နားလည္ရလြယ္ကူေအာင္ အတတ္နိုင္ဆုံး ရွာေဖြေလ့လာမွတ္သားၿပီး ေရးသားျဖစ္ ခဲ့ပါတယ္။
Fiction မွာ ဇာတ္ေကာင္ႏွစ္ဉီးၾကားက ေလးနက္ေသာ ခ်စ္ျခင္းေမတၱာအျပင္ ဗဟုသုတရစရာ အေၾကာင္းအရာ မ်ား၊ ေဒသႏၲရ ဗဟုသုတမ်ားကိုပါ ထည့္သြင္းေရးသားထားတဲ့အတြက္ စာဖတ္သူတို႔ စိတ္ေက်နပ္ႏွစ္သက္မႈကို ရရွိၾက လိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။
SmileApple
16-4-2019
YOU ARE READING
ကိုယ့်ရဲ့ VIP [completed]
General Fiction[Unicode] Broken family က မွေးဖွားလာတဲ့ အချစ်ကို ရှာဖွေနေတဲ့ကောင်လေးတစ်ယောက်နှင့် ဘောင်တွေစည်း မျဉ်းတွေကြားမှာ မနေနိုင်လို့ မိဘအိမ်ကထွက်လာတဲ့ ကောင်လေးတစ်ယောက် ။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုမှာ ထားရှိခဲ့ကြတဲ့ ကတိသစ္စာတွေ ချစ်ခြင်းမေတ္တာတွေနဲ့ နှစ်ဦး...