Chapter 63.2

8.8K 1.6K 90
                                    

[Unicode]

ကျိုးတုက စိတ်လှုပ်ရှားမှုနဲ့အတူ ကားထဲဝင်လာပြီး သူတို့တွေ့ဆုံကြမည့်နေရာသို့မောင်းလာခဲ့သည်။ နောက်ကြည့်မှန်ထဲကနေ သူ့ရဲ့နှုတ်ခမ်းထောင့်နားလေးများ ကော့တက်နေကြောင်း သတိထားလိုက်မိတော့ သူကမြန်မြန် သူ့လည်ချောင်းအားရှင်းထုတ်လိုက်ပြီး ထိုနှုတ်ခမ်းထောင့်လေးတွေအား ဖိအားပေးပြီးပြန်နှိမ့်ချလိုက်ရသည်။

ကျိုးတု စားသောက်ဆိုင်ကိုရောက်ပြီးတော့ သူ့အခန်းရှိသည့်အပေါ်သို့မတက်သွားခင် စားပွဲထိုးလေးအားနှုတ်ဆက်လိုက်သေးသည်။

ရှယောင် တံခါးကိုဖြတ်၍ဝင်လာတော့ တစ်စုံတစ်ယောက်က သူ့ဆီသို့လျှောက်လာခဲ့၏။ ထိုသူက ယဥ်ယဥ်ကျေးကျေးလေးဖြင့် ပြောလာသည် " တဆိတ်လောက်ခဗျ လူကြီးမင်းက မစ်စတာရှလား "

ရှယောင်က ခေါင်းညိတ်ပြလိုက်သည်။

ထိုလူကရှယောင်အတွက် အမူအရာဖြင့်လမ်းဖွင့်ပေးပြီး အပေါ်ထပ်သို့ဦးဆောင်ခေါ်သွားလိုက်သည်။

ရှ​ယောင် သီးသန့်အခန်းထဲဝင်လာတော့ အထဲမှာထိုင်နေသည့်အမျိုးသားက ကျိုးတုမှန်း သူရုတ်တရက်သဘောပေါက်သွားရသည်။ ချက်ချင်းတုန်လှုပ်သွားပြီး လျှောက်ဝင်သွားသည့်အခါ လက်သီးအားကျစ်ကျစ်ဆုပ်ထားလိုက်မိသည်။

ကျိုးတုမျက်လုံးတွေက အခြားလူအပေါ်ကျရောက်နေပြီး သူ့နှလုံးသားထဲမီးတောက်လောင် နေလျက်ဖြင့်ပြောလိုက်သည် " ထိုင်ပါ "

ရှယောင်က တွန့်ဆုတ်နေ၏။ ထိုအရာကိုမြင်သည့် ကျိုးတုက လည်ချောင်းကိုရှင်းလိုက်ပြီး ပြောလာသည် " ကျိုးထုံက ဒီကသူ့ကောင်လေးရဲ့မိဘတွေနဲ့ တွေ့စရာရှိတယ်ဆိုပြီးပြောလာလို့ အဲ့တာကြောင့် ငါသူ့ကိုစောစောပြန်ခိုင်းလိုက်တာ "

ရှယောင်က သတိဖြင့်ခေါင်းညိတ်လိုက်ပြီး သူ့မျက်လွှာကိုချထားလျှက်ဖြင့် ကျိုးတုမျက်နှာအား ကြည့်ဖို့မဝံ့ရဲခဲ့ပေ။ ကျိုးတုကထရပ်လာပြီး သူ့ဆီလျှောက်လာ၍ သူ့အတွက် လက်ဖက်ရည်တစ်ခွက်ထည့်ပေးဖို့ရန်အတွက် ကိုယ်ကိုကိုင်းလာခဲ့သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now