[Unicode]
ကျိုးတုထွက်သွားပြီး အချိန်အတော်ကြာမှ ရှယောင်က သူ့ရဲ့ခံစားချက်တွေပြန်ရလာသည်။
သူက စာရွက်စာတမ်းများနှင့်အတူ အိမ်သို့ပြန်ရောက်လာခဲ့သည်။ ထိုနှစ်အနည်းငယ်အတွင်း ရှအမေ၏သဘောထားက ဆိုးရွားစွာကျန်ရှိနေဆဲပင်။ ရှယောင်နိုင်ငံခြားသို့မသွားခင် ကျို့ဝမ်ဟွာပေးသည့် အိမ်ကိုလက်ခံခဲ့သည်။ ထို့ကြောင့် ရှအမေက H မြို့ကနေ B မြို့သို့ပြောင်းရွေ့လာခဲ့၏။ နှစ်တိုင်းခရစ်စမတ်အတွင်း အိမ်ပြန်လာသည်မှလွဲလျှင် ယခုနှစ်ဘွဲ့ရပြီးသည့်အချိန် အားလပ်ရက်မှပဲဒီသို့ပြန်ပြောင်းလာခဲ့တာဖြစ်သည်။ သူပြန်ရောက်ရောက်ချင်း ယခင်သူတက်ခဲ့သည်ကျောင်းမှ ဆရာအဖြစ်လုပ်ကိုင်ရန်ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့ပြီး လက်ရှိတွင် သူလွန်ခဲ့သောနှစ်က ပညာသင်ယူခဲ့သော တူညီသည့်တက္ကသိုလ်တွင် လက်ထောက်ဆရာအဖြစ်လုပ်ကိုင်နေခဲ့သည်။ သူ့ရည်ရွယ်ချက်က W တက္ကသိုလ်တွင်ဆရာတစ်ယောက်ဖြစ်လာရန်ဖြစ်ပြီး ထို့ကြောင့်ပဲ သူ့တက္ကသိုလ်မှာ ပါရဂူဘွဲ့အတွက်လျှောက်ထားခဲ့သည်။
လက်ထောက်ဆရာအဖြစ်အလုပ်လုပ်နေစဥ် တစ်ဖက်မှာလည်း ဘာသာပြန်သူအလုပ်ကိုလုပ်ခဲ့သည်။ သူနိုင်ငံခြားမှာနေစဥ်ကလည်း အတွေ့အကြုံအတော်အတန် ရရှိခဲ့တာကြောင့် သူ့(စီနီယာ) အလုပ်ကိုလွှဲပြောင်းပေးဖို့ လူရှာနေသည့် သူ့စီနီယာ၏စိတ်ထဲ သူ(ရှယောင်) ကပထမဆုံးဦးစားပေးဖြစ်ခဲ့သည်။ သို့သော်လည်း သူပြန်ရောက်လာလာချင်း ရရှိသည့် ပထမဆုံးအလုပ်က ကျိုးတုဆီကဖြစ်နေမည်မှန်း သူလုံးဝကိုမမျှော်လင့်ခဲ့ပေ။ သူ့မိဘတွေ၏စီးပွားရေးက H မြို့မှာဖြစ်တာကြောင့် ကျိုးတုအနေနဲ့ B မြို့ကနေ H မြို့သို့ပြောင်းရွေ့သွားပြီဟုသာထင်နေခဲ့တာဖြစ်သည်။
လက်ထောက်ဆရာအလုပ်ကရသည့် လစာကသိပ်ပြီးတော့မမြင့်ပေ။ ဒါ့ကြောင့် အပိုဝင်ငွေလေးစုမိအောင် ဘာသာပြန်ခြင်းအလုပ်ကိုလုပ်ကိုင်ခဲ့တာဖြစ်သည်။ ကျိုးတုနဲ့သူဟာလည်း သူတို့ဘဝတစ်လျှောက်လုံး တွေ့ဆုံဖို့အခွင့်အရေးမရှိနိုင်ဟု ယုံကြည်ခဲ့သည် သို့သော်လည်း ကံကြမ္မာကရက်စက်ကြမ်းကြုတ်စွာဖြင့် သူတို့နှစ်ယောက်ကို ပြန်ပြီးဆုံစည်းစေခဲ့ပြန်သည်။ ရှယောင်က ဖိုင်တွဲထဲက စာရွက်စာတမ်းတွေကိုထုတ်လိုက်ပြီး သူ့ကွန်ပျူတာရှေ့ထိုင်လိုက်သည်။ သူကျိုးတုဘဝထဲကနေအပြီးပိုင် ပျောက်ကွယ်မသွားခင် ထိုပရောဂျက်အားဖြစ်နိုင်သမျှ မြန်မြန်ပြီးချင်နေပြီး ကျိုးတုတို့ကုမ္မဏီဆီ မြန်မြန်ပြန်အပ်လိုက်ချင်သည်။
YOU ARE READING
© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]
RomanceOriginal Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozhōu) Status - 70 Chapters (Completed) English Tran - Completed Myanmar Tran - Completed English Tran - You can read in https://exiledrebelss...