Chapter 23

15.5K 2.8K 71
                                    

[Unicode]

ငါ့ကိုထပ်ပြီးကြိုက်ပေးလို့ရမလား?


ကျိုးတုက တနင်္လာနေ့မနက်စောစောကျောင်းသို့ရောက်လာခဲ့သည်။ ကျောင်းသို့အမြဲတမ်းစောလာတတ်သည့် ရှယောင်အတွက်သူ၏ Surprise ဖြစ်၏။

သူကအိတ်ကပ်ထဲကဖုန်းကိုထုတ်ပြီး အချိန်ကိုကြည့်လိုက်သည် ကျောင်းခေါင်းလောင်းထိုးဖို့မိနစ်ငါးဆယ်လိုသေး၏။ ကျိုးတုကသူ့ခုံကနေထလိုက်ပြီး ဖက်တီး၏ခုံနေရာရှိရာသို့သွားလိုက်သည်။ ရှယောင်အတန်းထဲဝင်လာသည့်အချိန်သူ့ကိုအရင်ဆုံးသတိပြုမိစေရန်ဖြစ်သည်။

ကျိုးတုကဆုံးဖြတ်ချက်ချထားပြီးသားဖြစ်သည် ဒီနေ့ကျောင်းဆင်းချိန်တွင် ရှယောင်အားသူ၏ခံစားချက်များဝန်ခံရန် ဟုတ်ပါ၏ အခြားနေ့တွေတုန်းကသူ၏အပြုအမူများအတွက်လည်းတောင်းပန်ရမည် နောက်ပြီး သူ့ခံစားချက်တွေကိုရှယောင်လက်ခံသည့်အချိန်ထိစိတ်ရှည်ရှည်စောင့်ပြီးမှ နမ်းရမည်။

ထင်မှတ်မထားသည့်ကိစ္စရပ်တစ်ခုဖြစ်ပေါ်လာခဲ့သည် ဖက်တီးတစ်ယောက်ကျောင်းရောက်လာသည့်အချိန်တွင်တောင်မှ ရှယောင်ကရောက်မလာသေး။

ကျောင်းတက်ခေါင်းလောင်းမြည်သည့်အချိန်မှ ရှယောင်ကအတန်းထဲဝင်လာခဲ့သည်။ ထို့ကြောင့်ကျိုးတုလည်းဘာမှမတတ်နိုင်ပဲ သူ့ထိုင်ခုံသို့သာပြန်လာလိုက်ရသည်။

ရှယောင်ကအတန်းရောက်ရောက်ချင်း သူ့၏လက်ချာစာအုပ်ကိုထုတ်၍ Note များမြန်မြန်ပဲရေးနေသည်။

ကျိုးတုကရှယောင်၏နောက်ကျောလေး၌ပဲ သူ့အကြည့်များကိုကျောက်ချထားသည်။ သမ္မတကတော်ကြီးက လူတိုင်းကိုစာလုပ်မလုပ်လိုက်စစ်နေသည့်အချိန် လက်ထဲတွင်ဘာစာအုပ်မှမကိုင်ထားသောကျိုးတုကိုသူမြင်လိုက်ရသည်။

" အဟမ်း! " သမ္မတကတော်ကြီးက သူ၏လည်ချောင်းကိုဟန်လုပ်ရှင်းရင်း ကျိုးတုကိုစိုက်ကြည့်နေသည်။ ထိုအကြည့်ကိုသတိထားမိသည့် ကျိုးတုဘေးနားထိုင်သည့် သူငယ်ချင်းက ကျိုးတုကိုတံတောင်ဖြင့်တွတ်လိုက်သည်။ ထိုအခါမှပဲကျိုးတုတစ်ယောက်သတိထားမိသွားတော့သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now