Chapter 2

28.7K 3.7K 30
                                    

(Unicode)

ဘယ်သူကသူ့ကိုကူညီဖို့ဆန္ဒရှိမှာလဲ

သူ့ မှတ်ဉာဏ်တွေထဲကအတိုင်းပြန်လာလိုက်တော့ ရှယောင် အထက်တန်းကျောင်းသားဘဝတုန်းကနေခဲ့သည့် အိမ်ကိုပြန်ရောက်လာခဲ့သည်။ သူတံခါးဝမှာရပ်နေရင်း ချီတုံချတုံဖြစ်နေခဲ့၏။

ကော်ရစ်ဒါကလည်းကျိုးပျက်နေပြီး စုတ်ချာလှသောဤအိမ်တွင်နေသောလူတိုင်းသည် အလုပ်ကြမ်းများဖြင့်သာအသက်မွေးနေသောလူများပင်ဖြစ်သည်။ ရှယောင်ငယ်စဉ်အခါထဲက သူ့အမေနှင့်အတူဒီနေရာတွင်နေခဲ့ကြသည်။

ဒီအချိန် အမေအလုပ်မှာပဲရှိနေအုံးမှာလို့တွေးမိတော့ ရှယောင်သူ့လွယ်အိတ်ထဲက သော့ကိုရှာလိုက်ပြီးတံခါးဖွင့်ဖို့်ပြင်နေတုန်း အထဲကတစ်ယောက်ယောက်ကတံခါးကိုဖွင့်လိုက်သည်။

" ပြန်ရောက်နေပြီလား? " ရှယောင်အမေကပြောလိုက်သည်။ အေပရွန်ကြီးဝတ်ထားလျှက် လက်ကလည်းယောက်မကြီးကိုင်ထားသေးသည်။ ရှယောင်ဆီကလွယ်အိတ်ကိုလှမ်းယူလိုက်ပြီး ပြောလိုက်၏ " မြန်မြန် အမေ့အတွက်ပဲငံပြာရည်တစ်ပုလင်းလောက်သွားဝယ်ပေး "

ရှယောင် သူ့အမေကိုရုတ်တရက်တွေ့လိုက်ရခြင်းကြောင့် တံခါးဝတွင်အတော်ကြာမတ်တပ်ရပ်နေခဲ့မိသည်။

" ဘာလို့ရပ်နေသေးတာလဲ မြန်မြန်သွားဝယ်ပေးလေ " ရှယောင် အမေကထိုစကားပြောပြီး မီးဖိုချောင်ထဲပြန်ဝင်သွားတော့သည်။

ရှယောင်ကအမေဘာပြောနေသည်ကိုမကြားလိုက်ပဲ သူ့အမေနောက်ကမီးဖိုချောင်ထဲလိုက်ဝင်လာခဲ့သည်။

" အမေ " ရှယောင်အသံလေးကအတော့ကိုကြေကွဲဝမ်းနည်းသည့်ပုံပေါက်နေသည်ကို သူလည်းသတိထားမိခဲ့သည်။ " ဘယ်လိုပြန်ရောက်လာတာလဲ "

ရှယောင် အမေကဟင်းအိုးမွှေနေရင်းတစ်ချိန်ထဲ ရှယောင်အမေးကိုပြန်ဖြေပေးရှာသည်။ " ဒီနေ့ကသားရဲ့မွေးနေ့မလား သားကိုအရသာရှိတာတွေချက်ကျွေးချင်လို့ အမေစောစောအလုပ်နားလာခဲ့တာလေ ဘာလို့အခုထိဒီမှာပဲရပ်နေသေးတာတုန်း သွားမြန်မြန် ပဲငံပြာရည်ပုလင်းသွားဝယ်ပေးအုံး "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now