Chapter 37.1

11.4K 3.1K 41
                                    

[Unicode]

" ငါလည်းမင်းကိုကြိုက်တယ် မင်းကငါသဘောကျရတဲ့တစ်ဦးတည်းသောသူပဲ ငါမင်းကိုနောက်ထပ်ဘယ်တော့မှ ဒေါသမထွက်တော့ပါဘူး " (ပထမပိုင်း)

ထိုမိန်းမကြီးထွက်လာတော့ ရှယောင်ကအပေါ်ထပ်တွင်သွားပုန်းနေလိုက်သည်။ လှေကားလွတ်နေသည့်နေရာမှ ချောင်းကြည့်လိုက်မိတော့ ထိုအမျိုးသမီးက သူနဲ့လျောက်လမ်းမှာ တစ်ခါကဆုံဖူးခဲ့တဲ့သူဆိုတာကို သတိထားလိုက်မိသည်။ သူ သူမကိုမလှုပ်မယှက်ကြည့်နေမိပြီး သူမပထမထပ်ကိုရောက်ပြီး မြင်ကွင်းထဲက ပျောက်သွားမှပဲ သူလည်းအသက်လေးရှူနိုင်ပြီး သူ့အိမ်ကိုပြန်၍ တံခါးဝမှာမတ်တပ်ရပ်နိုင်တော့သည်။

ငယ်ငယ်ထဲက ရှယောင်က သူ့အမေဆီကနေ သူ့အဖေအကြောင်းပြောတာ တစ်ခါမှ မကြားခဲ့ဘူးပေ။ အဲ့တာကြောင့် သူ့မှာ အဖေ မရှိဘူးလို့ ယူဆခဲ့၏။ သူ့အဖေက သေသွားတာ ဒါမှမဟုတ် သူတို့ သားအမိကို ထားသွားတာ ဖြစ်နိုင်သည်။ ဘယ်လိုပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ သူနဲ့ အတူ အတူတကွ နေလာခဲ့တာက သူ့အမေပဲလေ။

ထိုအမျိူးသမီး​ပြောသွားတာကို သူ နားမလည်ခဲ့ပေ ' စောတာနဲ့နောက်ကျတာပဲရှိမယ် သူကသူ့အဖေဘေးနားပြန်သွားရမှာပဲ ' ထိုစကားလုံးတွေအရဆိုလျှင် သူ့မှာ အဖေရှိပြီး ကောင်းကောင်းမွန်မွန် ရှိနေလောက်တာဖြစ်လိမ့်မည်။

အဲ့လူကြီးဘယ်လောက်ပဲချမ်းသာနေပါစေ ဘယ်လိုပဲသူ့အဖေဖြစ်နေပါစေ ရှယောင်ကတော့သူ့အမေကိုထားသွားစရာအကြောင်းလုံးဝမရှိပါ။ သူ့အတိတ်ဘဝမှာပဲဖြစ်ဖြစ် ယခုဘဝမှာပဲဖြစ်ဖြစ် ထိုသူ့ကိုမလိုအပ်ပါ။ သူငယ်ငယ်တုန်းကတောင်ထိုလူကြီးကိုမလိုအပ်ခဲ့တာ အခုသူအရွယ်ရောက်နေပြီမို့ ပိုတောင်မလိုအပ်သေးသည်။

သူ့အမေနှင့်နေခဲ့သောဘဝသည် ဆင်းရဲပေမယ့်လည်း ရှယောင်ကတော့ အနာဂတ်မှာ အလုပ်ကိုကြိုးစားလုပ်ပြီး သူ့အမေကို ပိုကောင်းတဲ့ဘဝထားပေးနိုင်မည်ဟု ယုံကြည်သည်။

သူ့အိမ်ရဲ့သစ်သားတံခါးလေးကိုမဖွင့်ခင် ရှယောင်ကအပြင်ဘက်တွင်ရပ်ပြီး သူ့ရဲ့စိတ်လှုပ်ရှားမှုတို့ကိုပြန်ပြင်ဆင်လိုက်သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now