Chapter 32

12.8K 2.2K 42
                                    

[Unicode]

အောက်တိုဘာက ကုန်ခါနီးပြီ ဒါပေမဲ့ နွေရာသီရဲ့အပူရှိန်ကတော့ တဖြည်းဖြည်းလွင့်ပါးလာပါပြီ
ဆောင်းဦးရာသီရဲ့ နေရောင်ခြည်က ပျင်းတွဲ့စွာနဲ့ စာသင်ခန်းထဲကို ဖြာကျနေပုံက လူငယ်လေးတစ်ယောက်က အချစ်စစ်မှာ ကျရှုံးသွားပြီး အရူးအမူးချစ်မိနေပုံလိုပင်။

ရှယောင်ကကျောကိုမတ်မတ်ထားပြီး သူ့ခေါင်းကိုငုံ့လျှက် မှတ်စုရေးသည့်အပေါ်မှာပဲအာရုံစိုက်ထားသည်။ သူ့ရဲ့ဘေးမှာတော့ ဖက်တီးကသူ့ဖုန်းကိုစားပွဲခုံထဲထည့်၍ ဂိမ်းဆော့နေသည်။

ရှယောင်က ဖက်တီးကိုကြည့်လိုက်သည့်အချိန် ဖက်တီးကလည်းသူ့ကိုပြန်ကြည့်လာသည်။

" ရှယောင် " ဖက်တီးကသူ့စာအုပ်ဖြင့်ကာလျှက် ရှယောင်အနားသို့တိုးလာပြီး တိုးတိုးလေးပြောသည် " မင်း ကျိုးတုနဲ့ရင်းနှီးတယ်မလား "

ရှယောင်ကဖက်တီးကိုကြည့်လိုက်သော်လည်း ဘာမှပြန်ဖြေခြင်းမရှိပေ။

ဆရာကကျောက်သင်ပုန်းပေါ်မှာစာရေးပြီးတော့နောက်သို့ပြန်လှည့်လာသည်။ သူကစာအုပ်ကိုစင်ပေါ်မှာချလိုက်ပြီး ချောင်းဆိုးလိုက်သည်။

ထိုအရာကိုလည်းကြားရော ဖက်တီးကရုတ်တရတ်မတ်မတ်ပြန်ထိုင်လိုက်သည်။

အတန်းပြီးတဲ့နောက်မှာတော့ ရှယောင်ကသူ့စာအုပ်ကိုကိုင်လိုက်ပြီး ဖက်တီးကိုဖြည်းဖြည်းချင်းမေးလိုက်သည် " မင်းဘာလို့ငါ့ကိုအဲ့လိုမေးတာလဲ "

လက်တစ်ဖက်ဖြင့်သူ့မေးကိုထောက်လိုက်ရင်း ဖက်တီးကပြန်ဖြေလိုက်သည် " ငါကြားတာ ကျန်းရှီဝမ်ရဲ့မွေးနေ့ကသိပ်မကြာခင်ရောက်တော့မှာတဲ့ "

ရှ​ယောင်အမူအရာကလုံးဝပြောင်းလဲခြင်းမရှိပေမယ့် လှုပ်ရှားမှုသေးသေးလေးတော့ပြုလိုက်သေးသည်။ သူကဟန်ဆောင်လျှက်ဖြင့် ဂရုတစိုက်မေးလိုက်သည် " အဲ့တော့သူမွေးနေ့ကကျိုးတုနဲ့ဘာပက်သက်လို့လဲ "

" အာ မင်းမသိဘူးလား ကျန်းရှီဝမ်ကနှစ်တိုင်းသူငယ်ချင်းတွေဖိတ်ပြီး မွေးနေ့ပွဲလုပ်တယ်လေ ကျိုးတုကလည်းသူနဲ့တစ်ဖွဲ့ထဲပဲဟာ သူလည်းကျိန်းသေပေါက် အဖိတ်ခံရမှာပေါ့ မင်းကသူနဲ့သူငယ်ချင်းတွေပဲ ငါတို့ကိုရောခေါ်သွားပေးလို့ရမလားလို့ မင်းမေးပေးပါလား "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now