Chapter 36

12.1K 2.2K 136
                                    

[Unicode]


ကျိုးတုကအိမ်သို့ဝုန်းဒိုင်းကျဲပြီးပြန်ရောက်လာသည့်အခါ မစ်ကျိုးက သူမရဲ့လက်မောင်းထဲကကျိုးကျိုးနဲ့ဆော့နေခဲ့သည်။ တစ်ချိန်ထဲမှာပဲ သူ့ခေါင်းကိုငုံ့ပြီးအပေါ်သို့ ပြေးတက်သွားသည့်သူမ၏သားကိုမြင်လိုက်ရ၏။

" ကျိုးတု " သူမကအော်မေးလိုက်သည် " ရှယောင်ကိုအိမ်ပြန်ပို့ပေးခဲ့လား "

ကျိုးတုကခပ်မြန်မြန်ပဲပြန်ဖြေပေးလိုက်၏ " Um-hmm " ထိုစဥ် သူ့ခြေလှမ်းတွေကဖြည်းဖြည်းနှင့်မှန်မှန်လှေကားပေါ်သို့တက်သွားလေသည်။

မစ်ကျိုးကအနည်းငယ်ထူးဆန်းနေသည်ကိုသတိထားမိလိုက်၏။ သူမက ကျိုးကျိုးကိုကလေးထိန်းနဲ့ထားခဲ့လိုက်ပြီး ကျိုးတုနောက်သို့လိုက်၍အပေါ်သို့တက်သွားတော့သည်။

သူမက ကျိုးတုရဲ့အခန်းတံခါးရှေ့သို့လျှောက်သွားလိုက်ပြီး တံခါးကိုခေါက်လိုက်သည် သူမကစိုးရိမ်ပူပန်နေသော်အသံဖြင့်မေးလိုက်၏ " သားလေး ဘာဖြစ်လာတာလဲ "

" ဘာမှမဖြစ်ဘူး " ကျိုးတုကစိတ်အနှောင့်အယှက်ဖြစ်နေသောအသံတိုးလေးဖြင့်ပြန်ပြောလိုက်သည်။

" ဘာမှမဖြစ်ဘူးဆိုရင်လည်း ဘာလို့တံခါးလော့ချထားတာလဲ ဖွင့်အုံးလေ "

အခန်းကတိတ်ဆိတ်နေမှုများဖြင့်ပြည့်နေသည်။ မစ်ကျိုးက ကျိုးတုသူ့ကိုအခန်းထဲပေးဝင်လိမ့်မည်မဟုတ်ဟုထင်လိုက်သည့်အချိန် တံခါးကလော့ဖွင့်လာခဲ့သည်။ ကျိုးတုရဲ့မျက်လုံးက အနည်းငယ်ပန်းရောင်သန်းနေတုန်းပင်ဖြစ်သည်။

မစ်ကျိုးအနေနဲ့ သူမ၏သားကိုဒီလိုအမူအရာမျိုးဖြင့်တစ်ခါမှမမြင်ဖူးခဲ့ပေ။ သူမကချင်ချင်းအခန်းထဲဝင်သွားပြီး သူမနောက်ကတံခါးကိုပိတ်လိုက်၏။ ထို့နောက် ညင်သာပျော့ပျောင်းစွာမေးလိုက်သည် " ဘာဖြစ်လို့လဲ အမေ့ကိုပြောပြလေ "

ကျိုးတုကသူ့ဂုတ်ပိုးကိုကိုင်ထားရင်း တိတ်ဆိတ်နေသည်။ မစ်ကျိုးကသူမသားရဲ့လက်မောင်းလေးကိုကိုင်ပြီး ခုံမှာအတူတူထိုင်လိုက်သည် " ရှယောင်နဲ့စကားများလာခဲ့တာလား "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now