Chapter 11

21.5K 3.4K 214
                                    

[Unicode]

ဒါကငါ့ပန်ကိတ်

နောက်တစ်နေ့မနက် ကျိုးတုသူ့စားပွဲခုံကိုဖွင့်လိုက်တော့ အထဲမှာပူပူနွေးနွေးပန်ကိတ်ထည့်ထားတဲ့အိတ်တစ်လုံးနှင့်အတူ ယွမ်တစ်ရာကိုလည်းတွေ့လိုက်ရသည်။ သူခပ်မြန်မြန်ပဲရှယောင်ဆီသို့ကြည့်လိုက်မိသည်။

ရှယောင်သည်တော့ သူ့ရဲ့အင်္ဂလိပ်စာလေ့လာနေသည့်အပေါ်မှာပဲအားရုံစိုက်ထားလေသည်။

ဝမ်ဟောင်ကအခန်းရဲ့နောက်တံခါးကနေဝင်လာခဲ့ပြီး သူ့လက်မောင်းကြီးများဖြင့်ကျိုးတုရဲ့လည်ပင်းတစ်ဝိုက်ကိုသိုင်းဖက်လိုက်ပြီး " ငါဗိုက်ဆာတယ် မနက်ကလည်းဘာမှမစားခဲ့ရဘူး တစ်ခုခုသွားစားရအောင် "

ကျိုးတုကသူမလိုက်ဘူးဟုပြောမည်ကြံကာရှိသေးသည် ဝမ်ဟောင်ကသူ့စားပွဲခုံထဲက လတ်လတ်ဆတ်ဆတ်ဖုတ်ထားသော ပန်ကိတ်ကိုမြင်သွားခဲ့လေပြီ။

" ဟဲ ဟဲ " ဝမ်ဟောင်ကသူ့လက်ကိုဆန့်ထုတ်လိုက်ပြီး စားပွဲခုံအတွင်းထဲသို့ဝင်လျှက် ပူပူနွေးနွေးပန်ကိတ်နှင့်အတူ သူ့လက်ကိုပြန်ဆွဲထုတ်လာခဲ့သည်။ ထို့နောက် စားလို့ရလားဟုကျိုးတုကိုလုံးဝမမေးပဲ အကြီးကြီးတစ်ကိုက်ကိုကိုက်စားလိုက်ပြီး " အရသာရှိတယ်ကွ ဒီပန်ကိတ်ကိုမင်းဘယ်ကဝယ်ခဲ့တာလဲ နောက်နေ့ဝယ်ရင်ငါ့အတွက်လည်းတစ်ခုလောက်ဝယ်ခဲ့ပေးကွာ "

ကျိုးတုကလက်သီးကိုတင်းတင်းဆုပ်ထားပြီး ဝမ်ဟောင်ရဲ့ခေါင်းကိုမှတ်လောက်သားလောက်အောင် ထိုးလိုက်ချင်ပေမယ့် ဆူဆူညံညံဖြစ်သွားလျှင် ရှယောင်သတိထားမိသွားမှာစိုးတာကြောင့် ဒေါသထွက်နေသောအကြည့်စူးစူးများဖြင့်သာ ဘာစကားမှမပြောပဲဝမ်ဟောင်ကိုကြည့်နေလိုက်သည်။

ဝမ်ဟောင်ကနှစ်ကိုက် သုံးကိုက်လောက်ဖြင့် သူ့ရဲ့ပန်ကိတ်ကိုအဆုံးသတ်ပစ်လိုက်ပြီး လေချဥ်တက်လိုက်သည် " တကယ်စိတ်ကျေနပ်ဖို့ကောင်းတယ်ကွာ "

ကျိုးတုလုံးဝသည်းမခံနိုင်တော့တာကြောင့် ဝမ်ဟောင်ကိုကန်ထည့်လိုက်တော့သည်။

ဝမ်ဟောင်က ကျိုးတုစိတ်အခြေအနေကိုသဘောပေါက်လိုက်တာကြောင့် ချက်ချင်းပဲ ကျန်းယန်ရဲ့အနောက်မှာသွားပုန်းပြီး ကျိုးတုကိုပြန်ပြောတော့သည် " အရမ်းကောင်းတယ် ငါကမင်းရဲ့ပန်ကိတ်လေးစားလိုက်ရုံပဲကို မင်းကပုံကြီးချဲ့ပြီးငါ့ကိုကန်တယ် ဘာလဲ အဲ့မုန့်ကမင်းကြိုက်နေတဲ့သူ ပေးတာမို့လို့လား "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now