Chapter 51

9.4K 1.6K 64
                                    

[Zawgyi]

ရှယောင်ကထိုလူကြီးရဲ့ပုံကိုမြင်ရုံဖြင့်ကို ပျို့အန်ချင်သလိုခံစားလိုက်ရသည်။ သူကထိုလူကိုမမြင်ချင်ယောင်ဆောင်လိုက်ချင်သော်လည်း တစ်စုံတစ်ခုကဖြည်းဖြည်းချင်းကပ်လာပြီး ကားဒရိုက်ဘာကရှယောင်ဘေးတွင်ကားကိုရပ်လိုက်သည်။ ကျောင်းသားတွေကထွက်လာကြပြီး ဘေးကဖြတ်လျှောက်သွားကြသည့်အချိန် ရှယောင်ဆီသို့တကြည့်ကြည့် ကြည့်နေကြသည်။ ရှယောင်ကသူ့ရဲ့လက်သီးကိုဆုပ်လုပ်လိုက်ပြီး ကားထဲသို့ ဒရိုက်ဘာနောက်ကနေလိုက်ဝင်လိုက်သည်။

"အမျိုးသားကျောင်းပိတ်ရက်မှာ အိမ်ပြန်ဖို့အစီအစဉ်ရှိလား" ကျို့ဝမ်ဟွာက ကားနောက်ဘက်ခုံမှာထိုင်နေရင်း ဖြည်းဖြည်းချင်းမေးလိုက်သည်။

ရှယောင်ကသူ့ခေါင်းကိုသာငုံ့ရုံသာငုံ့ထားပြီး ထိုလူကြီးအားပြောဖို့စိတ်မပါခဲ့ပေ။

" မင်းနှလုံးသားထဲမှာတော့ ငါ့ကိုမင်းအရမ်းမုန်းနေမှာပဲ " ကျိုးဝမ်ဟွာ ကသူ့ခေါင်းကိုစောင်းလိုက်ပြီး ရှယောင်ကိုကြည့်လိုက်သည်။ ထိုကောင်လေး၏မျက်ခုံးထောင့်လေးတွေကအောက်သို့စိုက်ကျနေ၏။ ဒါက သူငယ်ငယ်တုန်းကနှင့်တကယ်ကိုတူသည်။ သူ့ရဲ့နှလုံးအတွင်းနက်နက်ထဲကနေ ထူးဆန်းသည့်ခံစားချက်တစ်ခုပေါ်လာ၏ ဒါကသူများတွေပြောကြသည့် အဖေတစ်ယောက်၏အချစ်နှင့်တူပါရဲ့။

ကျိုးဝမ်ဟွာကသက်ပြင်းချလိုက်ပြီး " ငါကမင်းကောင်းဖို့တစ်ခုထဲအတွက်လုပ်ခဲ့တာပါ မင်းကငယ်သေးတယ် ဒီကမ္ဘာကြီးရဲ့ အဖြူတွေ အမဲတွေကိုမခွဲခြားနိုင်သေးဘူး မင်းလမ်းမှားလျှောက်သွားမှာကို ငါမမြင်ချင်ခဲ့ရုံလေးပါ "

ရှယောင်ကရုတ်တရက် ခေါင်းမော့လာပြီး လှောင်ပြောင်သည့်အကြည့်တစ်ချက်ပေးလိုက်ပြီး လှောင်ပြုံးပြုံးလိုက်လျှက်ဖြည်းဖြည်းချင်းပြောလိုက်သည် " ကျွန်တော်လမ်းမှားလျှောက်သွားတော့ရော ကျွန်တော်ကကွေးနေခဲ့တာဖြင့် အခုဆိုဆယ်စုနှစ်တစ်ခုလောက်တောင်ရှိနေပြီလေ "

ကျို့ဝမ်ဟွာရဲ့မျက်ခုံးတွေက ကူကယ်ရာမဲ့စွာဖြင့် တွန့်သွားပြီး ရှယောင်၏စကားကိုမျက်မှောင်ကြုတ်လိုက်၏။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now