Chapter 13.2

18.4K 3.2K 59
                                    

[Unicode]

ငါတကယ်မင်းကိုမကြိုက်ဘူး (ဒုတိယပိုင်း)

ကျိုးတုက ရှယောင်သူ့အတွက်အထူးတလည်ယူလာပေးသော ပန်ကိတ်ကိုကိုင်လျှက် အခန်းရှေ့ညာဘက်ထောင့်နားတွင်ထားရှိသော အမှိုက်ပုံးနားအထိလျှောက်သွားပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ လွှင့်ပစ်လိုက်သည်။ ထိုအချင်းအရာကို ရှ​ယောင်ခဗျာ ထိုင်ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။ ကျိုးတုကတစ်ရှူးအနည်းငယ်ကိုထုတ်လိုက်ပြီး သူ့လက်ကိုပြန်၍သုတ်လိုက်သည်။

ရှယောင်ကသူကြိုးစားခဲ့သမျှတွေက အမှိုက်ပုံထဲကပန်ကိတ်လိုဖြစ်သွားသလိုမျိုးခံစားခဲ့ရတယ် အသုံးမလိုတော့တဲ့အမှိုက်တစ်စလိုမျိုး။

ကျိုးတုကဒါကိုရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာဖြစ်သည်။

ကျိုးတုကတမင်သက်သက်ကိုရှယောင်ဘေးကဖြတ်ပြီးပန်ကိတ်ကိုယူသွားခဲ့သည် ပြီးတဲ့နောက် တမင်သက်သက်ကိုပဲရှယောင်အရှေ့မှာတင်အမှိုက်ပုံးထဲသို့ထည့်လိုက်တာဖြစ်ပေသည်။

မင်းကငါ့ကိုမကြိုက်ဘူးဆိုရင် ဘာလို့ငါကရောဦးနှောက်မရှိတဲ့ခလေးတစ်ယောက်လိုမျိုး မင်းပေးသမျှပစ္စည်းတိုင်းကိုသိမ်းထားနေရမှာလဲ။

သူသာခလေးတစ်ယောက်လိုမျိုး ဝုန်းဒိုင်းကြဲပြီးစိတ်ကောက်ပြလိုက်ရင် အာရုံစိုက်ခံရနိုင်တယ်ဟူသောအတွေးများဖြင့် လုပ်နေခဲ့ခြင်းဖြစ်ပေသည်။

ဒါပေမယ့် ရှယောင်ကတော့ သူအခုဘာကိစ္စမှမမြင်ခဲ့သလိုမျိုးသရုပ်ဆောင်နေပြီး သူ့ခုံလေးမှာထိုင်လျှက် အင်္ဂလိပ်စကားလုံးများကိုပြန်မှတ်နေလိုက်သည်။ သူကသူ့ဘေးနားကသူငယ်ချင်းကိုတောင်မှလှည့်၍ပြုံးပြလိုက်သေးသည်။

ကျိုးတုကဒေါသထွက်ထွက်ဖြင့် သူ့စားပွဲခုံကိုအသံအကျယ်ကြီးထွက်အောင်ဆွဲလိုက်သော်လည်း သူအာရုံစိုက်စေချင်သည့်အခြားတစ်ယောက်ကတော့ သူ့ကိုလုံးဝစိတ်ဝင်စားပုံမရပေ။

" ရှယောင်ကလုပ်အားပေးအဖွဲ့ထဲကအဖွဲ့ဝင်မလား ဒီနေ့နေခဲ့ရမယ်နော် " အားကစားအတန်းကိုယ်စားလှယ်က ပါဝင်သူများအားလုံးကိုစုရုံးနေရင်းပြောလိုက်သည် " မင်းအကူအညီလိုရင်ကျိုးတုကိုရှာလိုက်နော် အိုခေ "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now