[Unicode]
ဘယ်သူမှမချစ်ဘူးဆိုတဲ့နင့်ဆီကနေ အချစ်အနံ့လေးတွေငါရနေတယ်နော်
သူတို့နှစ်ယောက်သားတိတ်ဆိတ်စွာဖြင့်ပဲ လမ်းဘေးလေးမှာရပ်၍ကားစောင့်နေခဲ့ကြသည်။ ကျိုးတုကသူ့ပါးစပ်ကထွက်သွားသည့်စကားလုံးတွေအတွက်နောင်တရမိသော်လည်း သူ့မာနကတောင်းပန်ဖို့ရန်ခွင့်မပြုလေတာကြောင့် သူ့ခေါင်းလေးကိုအခြားတစ်ဖက်သို့လှည့်ထားရုံသာတတ်နိုင်ခဲ့တယ်။ရှယောင်က ကျိုးတုဘေးနားလေးမှာပဲတိတ်ဆိတ်စွာမတ်တပ်ရပ်နေခဲ့သည်။
ကျိုးတုတို့အိမ်ကကားကမြန်မြန်ဆန်ဆန်ပဲရောက်လာခဲ့သည် အစကတော့ကျိုးတုက ရှယောင်ကိုအိမ်အရင်ပြန်ပို့ပေးရန်ရည်ရွယ်ထားခြင်းဖြစ်သော်လည်း ရှယောင်က ကျိုးတုကိုကားထဲဝင်ဖို့ကူညီပေးပြီးတာနှင့် ကျိုးတုပြောမည့်စကားကိုတောင်မစောင့်ပဲ ကျိုးတုဘေးနားမှာတစ်စက္ကန့်လေးတောင်မနေချင်တော့သည့်ပုံစံမျိုးဖြင့် အဝေးကိုခပ်မြန်မြန်ပဲထွက်သွားတော့သည်။
သခင်လေးကျိုးတုတစ်ယောက် မှောင်မဲနေသောမျက်နှာအနေအထားဖြင့်ကားထဲဝင်ထိုင်ပြီးနောက် ဒရိုင်ဘာကိုတစ်ခွန်းထဲပဲအမိန့်ပေးလိုက်သည် " အိမ်ပြန်မယ်! "
ရှယောင်ကတော့ကျိုးတုအနေနဲ့ရက်နည်းနည်းလောက် နားရက်ယူမည်ဟုထင်ခဲ့မိသော်လည်း ဘယ်သူကထင်ထားမည်နည်း ကျိုးတုတစ်ယောက်နောက်တစ်ရက်မှာပဲကျောင်းကိုပုံမှန်အတိုင်းပြန်တက်လို့လာခဲ့သည် လမ်းလျှောက်တဲ့နေရာမှာထော့နဲ့ထော့နဲ့ဖြစ်နေတာကလွဲလို့ပေါ့။
ဝမ်ဟောင်ကကျိုးတုအနားကိုချက်ချင်းပဲရောက်လာပြီးမေးတော့သည် " မင်းဒဏ်ရာကအပေါ်ယံရတဲ့ဒဏ်ရာလည်းမဟုတ်ပဲနဲ့ ဘာလို့ကျောင်းလာတက်ရတာလဲ "
ကျိုးတုကညင်ညင်သာသာလေးပဲပြန်ပြောလိုက်ပါတယ် " ကျိုးနေတာမှမဟုတ်တာ "
အားကစားအတန်းကိုယ်စားလှယ်ကလည်း အခြေအနေကိုနားလည်သည့်ပုံဖြင့် ကျိုးတုသို့လာပြီးပြောလိုက်သည် " မင်းခြေထောက်ကဒီလိုပုံစံနဲ့ မီတာသုံးထောင်တောင်ပြိုင်နိုင်ပါ့အုံးမလား "
YOU ARE READING
© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]
RomanceOriginal Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozhōu) Status - 70 Chapters (Completed) English Tran - Completed Myanmar Tran - Completed English Tran - You can read in https://exiledrebelss...