Chapter 20

17.1K 2.8K 58
                                    

[Unicode]

အနမ်းပေးတာကတကယ်အကြံကောင်းပဲ

ဒီအတောအတွင်း ကျိုးတုပုံစံတွေကအရမ်းထူးဆန်းနေသည်ဟု ရှယောင်ခံစားနေရသည်။

ဥပမာအခုကိုပဲကြည့်လေ ကျိုးတုကတစ်ယောက်ယောက်ကိုစောင့်နေသလိုမျိုး အခန်းတံခါးဝမှာမတ်တပ်ကြီးရပ်ပြီးနေနေ​သည်လေ ရှယောင် ဝမ်ဟောင်ထိုင်ခုံကိုကြည့်လိုက်တော့ ဝမ်ဟောင်ကလေ့ကျင့်ရေးကွင်းထဲသွားနှင့်ပြီ အဲ့တော့သူဝမ်ဟောင်ကိုစောင့်နေတာတော့မဖြစ်နိုင်တော့ဘူး

ဒီနေ့ကလုပ်အားပေးအဖွဲ့အတွက် သူအကူအညီပေးရမယ့်အလှည့်မဟုတ်တာကြောင့် ရှယောင်လည်းသူ့ပစ္စည်းတွေသူသိမ်းပြီးပြန်ဖို့ပြင်လိုက်သည်။ သူ ကျိုးတုအနားကဖြတ်သွားတော့ နံရံကိုမှီပြီးမတ်တပ်ရပ်နေတဲ့သူက သူ့နောက်သို့မြန်မြန်ပဲလိုက်လာခဲ့သည်။

ရှယောင်က ထိုကိစ္စနဲ့ပက်သက်ပြီးဘာမှထွေထွေထူးထူးတော့မစဥ်းစားမိ တိုက်ဆိုင်တာဖြစ်မည်ဟုသာသူတွေးလိုက်သည် သို့သော်လည်း သူကျောင်းပေါက်ဝကထွက်ပြီး သူ့အိမ်သို့ပြန်သည့်လမ်းသို့သွားသည့်အချိန်မှာတောင် ထိုအနောက်ကအရိပ်ကသူ့အနောက်သို့လိုက်နေတုန်းပင်။

ရှယောင်က သူ့ခြေလှမ်းတွေကိုရပ်လိုက်ပြီးအနောက်သို့လှည့်၍ ကျိုးတုကိုကြည့်လိုက်သည်။ ထိုအခါ ထိုအနောက်လူသားက သူ့ခေါင်းကိုလှည့်ပြီး သဘာဝရှူခင်းတွေကိုကြည့်နေသလိုမျိုးဟန်ဆောင်နေလေသည် ရှယောင်လည်းရွေးစရာမရှိပဲ ဆက်ပြီးသာသွားနေလိုက်သည် ကျိုးတုသည်လည်း စိတ်အားထက်သန်စွာဖြင့်သာ ထော့နဲ့ထော့နဲ့ဖြင့်လိုက်လာလေသည်

ကျောင်းနဲ့ဆန့်ကျင်ဘက်အရပ်သို့မရောက်ခင်မှာပဲ ကျိုးတုတစ်ယောက် သူ့နောက်လိုက်နေမှန်းရှယောင်သေချာသွားတော့သည်။

" တစ်ခုခုဖြစ်လို့လား " ရှယောင်က ကျိုးတုကိုမရေမရာဖြင့်မေးလိုက်သည်။

ကျိုးတုကတင်းတင်းဆုပ်ထားသည့်လက်သီးကို ပါးစပ်ရှေ့သို့ကာလိုက်ပြီးချောင်းအနည်းငယ်ဟန့်လိုက်သည် ပြီးနောက်ပြောလိုက်၏ " မင်းကိုအိမ်လိုက်ပို့မလို့ "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now