Chapter 45.1

8.4K 1.7K 138
                                    

[Unicode]

" ဘာ " ကျိုးတုအနောက်သို့ဆုတ်လိုက်မိသည် " ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ " ကျိုးတုကခပ်မြန်မြန်ပဲငြင်းလိုက်သည် " ရှယောင်နဲ့ငါက ဖြူစင်ပြီး သန့်ရှင်းတဲ့အချစ်နဲ့ချစ်ကြတာ "

ဝမ်ဟောင်ကသက်ပြင်းချလိုက်ပြီး ကျိုးတုကိုဝိဉာဥ်ကင်းနဲ့နေသောမျက်နှာကြီးဖြင့်ကြည့်၍ပြောလိုက်သည် " တစ်ခုခုကြောင့် ငါအဲ့လိုလုပ်ခံရတယ်လို့ခံစားရတယ် "

ကျိုးတု: "..." ကျိုးတုကတော့ ဝမ်ဟောင်အစားမူးနေသလိုတောင်ခံစားလိုက်ရသည်။

" တစ်ခုခုကြောင့်ဆိုတာ ဘာကိုပြောတာလဲ " ကျိုးတုကသူ့ကိုကြည့်လိုက်ပြီး " မင်းဘာသာမင်းထင်နေတာ မဟုတ်ဘူးလား "

ဝမ်ဟောင်ကဘာမှပြန်မပြောပဲ စိတ်ဓာတ်ကျလျှက်သာရှိနေသည်။

" တကယ်ကြီးလား မင်းမှာဘာတွေဖြစ်နေတာလဲ "

သိပ်မကြာခင်အချိန်မှာပဲ ဝမ်ဟောင်ပါးစပ်ကဖြည်းဖြည်းချင်းပွင့်လာသည် " အဲ့တာကအဲ့နေ့မနက်မှာဖြစ်ခဲ့တာ အဲ့နေ့ငါနိုးလာတော့ ငါကကျန်းယန်အိမ်မှာအိပ်နေမှန်းသိခဲ့တာပဲ "

ကျိုးတုကပြန်တွေးလိုက်ပြီး " မင်းသောက်ခဲ့တဲ့နေ့ကမလား။ မင်းအိမ်ပြန်သွားရင် မင်းအဖေဆူမှာစိုးတာနဲ့ ကျန်းယန်ကိုခေါ်သွားခိုင်းလိုက်တာ ငါမင်းအမေကိုပြောပြပေးထားသေးတယ် "

" အဲ့တော့ အဲ့တာကမင်းအမှားပေါ့လေ " ဝမ်ဟောင်ကတုန်လှုပ်နေသည် " အဲ့နေ့မနက်ရောက်တော့ ငါ့ကိုယ်ငါ အဲ့ခွေးကောင်နဲ့ချစ်တင်းနှောခဲ့တယ်လို့သိခဲ့ရတာပဲ "

ကျိုးတုကမယုံနိုင်စွာဖြင့် သူ့ကိုကြည့်လိုက်သည် " မင်းရူးများသွားတာလား "

" ငါတို့နှစ်ယောက်လုံး ကိုယ်လုံးတီးကြီးနဲ့တစ်ယောက်ကိုတစ်ယောက် ဖက်ထားတာကွ။ အဲ့မနက်မှာပဲ ကျန်းယန်ကငါ့ကိုပြောတယ် သူ့ကိုယ်သူမထိန်းနိုင်တော့လို့ပါတဲ့။ အဲ့အဓိပ္ပါယ်ကတစ်ခုပဲရှိတာလေ။ ငါကသူ လုပ်တာခံလိုက်ရတာပေါ့ကွ ဘာများဖြစ်နိုင်စရာရှိသေးလို့လဲ " ဝမ်ဟောင်က အသက်တောင်မရှုပဲ ဆက်ပြောပြန်သည် " သူကငါနဲ့ညီအကိုမဟုတ်တော့ဘူး မဟုတ်ဘူး ex-bro ဖြစ်သွားတာ။ ငါသူ့ကိုသေအောင်ရိုက်ပစ်အုံးမယ် အခုကစပြီး သူနဲ့ငါပြတ်ပြီ "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now