Chapter 14

18.3K 3K 31
                                    

[Unicode]

ဝေးဝေးနေငါ့ကိုမထိနဲ့

" မင်း....မင်းအဆင်ပြေရဲ့လား " ကျိုးတုကိုစတင်ပြီးမမေးခင် ရှယောင်တစ်ယောက်ခဏလောက်အသိစိတ်ပျောက်နေခဲ့သည်။ ကျိုးတုရဲ့မျက်နှာအမူအရာကိုကြည့်ခြင်းအားဖြင့် သူလုံးဝအဆင်မပြေတာသိသာလှသည်။

ကျိုးတုသွားကိုတင်းတင်းစိထားမိရင်း ချွေးစေးတွေကလည်းကျနေခဲ့သည်။ ရှယောင်အရှေ့မှာ အားနည်းတဲ့ပုံစံကိုမပြချင်တာကြောင့် မျက်ခုံးကိုကြုံ့ထားရင်း အားတင်းပြောလိုက်ရသည် " ငါအဆင်ပြေတယ် "

သူစကားလည်းဆုံးရော ရေသန့်ဘူးထည့်ထားသည့်စက္ကူဗူးကြီးကိုပြန်မရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ့ခြေထောက်ပေါ်ကအလေးချိန်ကိုဖယ်လိုက်သည့်အချိန်မှာပဲ သူ့ခြေထောက်ကနာကျင်မှုက ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ပြန့်နှံ့လာခဲ့တော့သည်။

ကျိုးတုကိုယ်ကလဲကျတော့မည့်အချိန်မှာပဲ ရှယောင်ကရုတ်တရတ်ပြေးသွားလိုက်ပြီး ကျိုးတုရဲ့လက်မောင်းနဲ့ ခါးကိုလှမ်းဖမ်းပေးလိုက်သည်။

ထိုအချိန်မှာပဲ ကျိုးတုနှလုံးလေးကအခုန်ရပ်သွားခဲ့တော့သည်။ သူ့ခါးကိုတင်းတင်းကျပ်ကျပ်ဖက်ပေးထားသော ရှယောင်ကို သူကကိုးရို့ကားယားအကြည့်ဖြင့် ကြည့်လိုက်သည်။ သူ့နှလုံးကမိုးကြိုးပစ်ချသလို တဒိုင်းဒိုင်းဖြင့်ခုန်နေခဲ့ပြီး သူ့မျက်နှာတစ်ခုလုံးကလည်းပူနွေးလာခဲ့သည်။ သူ့ဘာသာသူမတ်တပ်မရပ်နိုင်သေးသော်လည်း လက်ကိုမြှောက်ပြီး ရှယောင်ကိုတွန်းထုတ်လိုက်ချင်မိသည်။

ကျိုးတုအနေနဲ့ စိတ်ရှုပ်နေလိမ့်မည်ဟုစဥ်းစားမိတော့ ရှယောင်ပါးစပ်ထဲကလျှာလေးကတောင်ခါးသီးလာသည်ဟုခံစားလိုက်ရသည်။ ဒီလိုအချိန်မျိုးမှာ ကျိုးတုအနေနဲ့အတော့ကိုရှက်နေမည်ဆိုတာ သူသိသည် သို့သော်လည်း ကျိုးတုလဲကျတော့မယ်ဟုမြင်လိုက်ရသည့်တခဏ ရှယောင်ဘာတစ်ခုမှမစဥ်းစားနိုင်တော့ပဲ ကျိုးတုကိုသာလှမ်းဖမ်းလိုက်မိသည်။

ကျိုးတုကသူ့ကိုယ်သူရပ်နိုင်အောင်လုပ်ပြီးချိန်မှာတော့ ရှယောင်ကသူ့လက်ကိုဖြည်းဖြည်းလေးလွှတ်ပေးလိုက်ပြီး အနောက်သို့ခြေလှမ်းဆုပ်ပေးလိုက်သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now