Chapter 39

11.6K 2.1K 76
                                    

[Unicode]

" ဘာလဲ မင်းကလူတွေသိသွားမှာကြောက်နေတာလား " ရှယောင်ရဲ့ဖြူဖတ်ဖြူရော်မျက်နှာကိုတွေ့တော့ ကျန်းယန်ကအေးစက်စက်အပြုံးတစ်ခုပေးလိုက်သည်။ သူကဆက်ပြီးပြောပြန်၏ " မှန်းကြည့်ရအောင် မင်းယောကျ်ားတွေကိုကြိုက်တယ်ဆိုတာ ဝမ်ဟောင်လည်းသိတယ်ဟုတ် ဒါမှမဟုတ် ငါပြောကြည့်ရရင် မင်းကအခု ကျိုးတုနဲ့တွဲနေတာ ဟုတ်တယ်မလား "

ရှယောင်ကအနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ပြီး သူ့ပါးစပ်ကိုဖွင့်လိုက်သော်လည်း ဘာစကားမှထွက်မလာခဲ့ပေ။

ကျန်းယန်ကပြုံးနေသော်လည်း သူ့မျက်လုံးတွေထဲမှာတော့ပြုံးနေတဲ့အရိပ်အယောင်မရှိပေ " ဒါမှမဟုတ် မင်းကသူတို့နှစ်ယောက်လုံးနဲ့ဖြစ်ချင်တာများလား "

" ငါမဟုတ်ဘူး " ရှယောင်ရဲ့နှုတ်ခမ်းတွေကတုန်ရီနေသည်။ သူကပြန်လှည့်လိုက်ပြီး ကျန်းယန်နှင့်ဝေးရာသို့ထွက်သွားလိုက်ချင်သော်လည်း သူ့လက်ကောက်ဝတ်က ခိုင်ခိုင်မြဲမြဲအဆွဲခံလိုက်ရသည်။

" မင်းဝမ်ဟောင်နဲ့ဝေးဝေးနေတာကောင်းမယ် " သူ့မျက်လုံးများက ရေခဲတုံးများကဲ့သို့အေးစက်နေသည် " ဒါမှမဟုတ်ရင် ကျောင်းကလူတွေအကုန်လုံး မင်းကယောကျ်ားတွေကိုကြိုက်တယ်ဆိုတာ မသိဘူးလို့ငါအာမ မခံနိုင်ဘူး "

နှစ်ယောက်လုံးကအမှောင်ထဲမှာမတ်တပ်ရပ်နေခဲ့ပြီး ဝမ်ဟောင်က ကျိုးတုနှင့်ထိုနေရာနှင့်အနီးအနားလေးမှာပဲ စကားပြောနေခဲ့သည်။ ရှယောင်ကသူ့စိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်ပြီး ကျန်းယန်လက်ထဲကသူ့လက်ကိုလွတ်အောင်ရုန်းလိုက်၍ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ပြောလိုက်သည် " ငါယောကျ်ားတွေကိုကြိုက်တယ်ဆိုတာ လူတိုင်းသိသွားရင် ငါကလည်းမင်းဝမ်ဟောင်ကိုကြိုက်နေတယ်ဆိုတာကို သူသိအောင်သေချာပေါက်လုပ်မယ် " ထိုစကားလုံးများထွက်ကျသွားပြီးသည့်နောက်မှာတော့ သူကအနောက်သို့တစ်ချက်တောင်လှည့်မကြည့်တော့မှ ထိုနေရာမှပြေးထွက်သွားတော့သည်။

အမှောင်ထဲမှ ကျန်းယန်ကအေးစက်ခက်ထန်နေသော မျက်လုံးများဖြင့် ရှယောင်ကိုကြည့်ရင်းကျန်နေခဲ့သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now