Chapter 58

7.9K 1.5K 86
                                    

[Unicode]

ညစာစားပြီးသည်နှင့် ကျိုးတုကကောင်းစွာ အချိန်ထိုင်ဖြုန်းနေလိုက်သည်။ သူအချိန်ကိုကြည့်လိုက်သည့်အချိန် အတော်လေးနောက်ကျနေပြီဆိုတာသိလိုက်ရတာကြောင့် အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်တော့သည်။ သူကထလိုက်ချိန် ယိုင်တိုင်နေသောခန္ဓာကိုယ်က အနည်းငယ် ယိမ်းထိုးနေ၏။

ဝမ်ဟောင်က သူ့ဘေးနားသို့အလျင်အမြန်ရောက်လာ၍ သူ့လက်များဖြင့် ကျိုးတုရဲ့ခါးကိုထိန်းကိုင်ထားပေးပြီး ဆိုဖာပေါ်သို့ ပြန်လဲချခိုင်းလိုက်ရသည်။

" ငါပြောတယ်လေ မင်းသောက်ထားမှတော့ ဒီညဒီမှာပဲနေလိုက်ပါဆိုတာကို ကျန်းယန်မှာလည်း ဧည့်သည်ခန်းရှိပါတယ်ဆိုမှပဲ "

ကျိုးတုကခေါင်းခါလိုက်ပြီး ဝမ်ဟောင်၏ဖိတ်ခေါ်မှုအား ငြင်းဆန်လိုက်သည်။

" ငါပြန်လာဖို့ကိုစောင့်နေတဲ့ ခွေးအရူးလေးတစ်ကောင် အိမ်မှာရှိတယ် "

ဝမ်ဟောင်က သူ့စကားတွေကိုနားလည်ခြင်းမရှိပဲ ပြန်ပြောခဲ့သည် " ကျိုးတု မလုံလောက်သေးဘူးလားဟမ်? အဲ့တာကတကယ်ပဲလိုအပ်လို့လား? အဲ့ကောင်မင်းကိုစွန့်ပစ်သွားကတည်းက မင်းရဲ့အရူးအမူးစွဲလန်းနေမှုတွေနဲ့ သူကတန်သေးလို့လားဟမ်? "

ဝမ်ဟောင်ပြောသည်အားကြားပြီးနောက် ကျိုးတုတစ်ယောက် မျက်လုံးကြီးသာပြူးပြီးကြည့်နိုင်တော့သည်။ အနီးအနားမှာရှိနေသည့် ကျန်းယန်က ဝမ်ဟောင်အား သူ့ဘေးနားဆွဲလိုက်ပြီး ကျိုးတုကို ရေတစ်ခွက်ထည့်ပေးလိုက်သည်။

ကျိုးတုကကျေးဇူးတင်ကြောင်း တီးတိုး​ပြောလိုက်ပြီး ခွက်ကိုလက်ခံလိုက်၍ ခပ်မြန်မြန်သောက်ချလိုက်သည်။

ဝမ်ဟောင်က သံကနေ သံမဏိအဖြစ် မှော်ဆန်ဆန် ပြောင်းလဲသွားဖို့သာမျှော်လင့်ပြီး ကျိုးတုကိုဆက်ပြီး လက်ချာရိုက်နေခဲ့၏ " ငါနားမလည်ဘူးကွာ ရှယောင်နဲ့ပက်သက်တာနဲ့ သူ့ကိုဘာလို့ဒီလိုပျော့ညံ့သွားစေရတာလဲ? မင်းအဲ့လို လုံးဝအရူးတစ်ယောက်လိုလုပ်နေချိန်မှာပဲ သူကအခုဆို အခြားတစ်ယောက်ယောက်တောင် ရှာသွားလောက်ပြီ ... "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now