Chapter 62

8.3K 1.6K 81
                                    

[Unicode]

ရှည်လျားလှသည့် လှိုဏ်ခေါင်းကြီးထဲတဖြည်းဖြည်း လျှောက်လာသည်နှင့် သူတို့၏မြင်ကွင်းက ပိုကျယ်ပြောလာသည်။ ကလေးတိုင်း၏အကြည့်တွေက ငါးပြတိုက်ထဲကသရုပ်ပြနေသည့် ရေငုပ်သမားပေါ်တွင်သာရှိနေကြ၏။ အနည်းငယ်ကြီးနေပြီဖြစ်သော ကလေးများကတော့ ထိုနေရာမှကျော်သွားကြသည်။ ရှယံယံက ရှယောင်ရဲ့ခြေထောက်အောက်ပိုင်းလေးကိုဆွဲရင်း သူလည်းကြည့်ချင်ကြောင်း အရိပ်အကဲပြနေလေ၏။

မမျှော်လင့်ထားစွာဘဲ ငါးနှစ် ခြောက်နှစ်အရွယ် ကောင်လေးတစ်ယောက်က ရှယံယံ၏လက်ကိုလာဆွဲပြီး ပြောလာသည် " ငါမင်းကို အဲ့နေရာခေါ်သွားပေးမယ် " ရှယံယံ၏ မျက်လုံးဝိုင်းကြီးတွေက ထိုကောင်လေးကိုသာကြည့်နေ၏။

ကျိုးတုက ထိုကောင်လေးအားကြည့်မိလိုက်သည်။ အို လုချီရဲ့သားလေးပဲ " ဘာလို့မင်းကတစ်ယောက်ထဲဖြစ်နေတာလဲ။ မင်းအမေရောဘယ်သွားလဲ " ကျိုးတုက ငုံ့ကိုင်းလိုက်ပြီး ထိုကောင်လေးအားမေးလိုက်သည်။

ရှယောင်က ကျိုးတုအားမေးလာ၏ " မင်းသူ့ကို သိတာလား "

ကျိုးတုကခေါင်းညိတ်ပြီး ရှင်းပြလိုက်သည် " သူ့အမေနဲ့ ငါ့ကုမ္မဏီနဲ့က အရင်ကလုပ်ဖော်ကိုင်ဖက်တွေ "

ရှယံယံ၏လက်လေးအား သူ့လက်လေးဖြင့် ကိုင်ထားဆဲဖြစ်သည့် လုဘိုယီ ကအဝေးကလူတစ်ယောက်ကိုလက်ညှိုးထိုးပြပြီး " မားက ဖုန်းပြောနေတယ် "

ကျိုးတုက ရှယံယံကိုကြည့်ပြီး မေးလိုက်၏ " ဒီအကိုကြီးနဲ့အတူသွားပြီး ငါးတွေသွားကြည့်ချင်လား "

ရှယံယံက သူ့အဖေအားတောက်ပသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။ သိပ်မကြာခင်ပဲ ရှ​ယောင်ကပြန်ပြောလိုက်ပါ၏။ " သားသွားချင်တယ်ဆို သွားလေ " ဝမ်းသာသွားသော လုဘိုယီလေးက ရှယံယံရဲ့လက်ကိုတွဲထားရင်းနဲ့ပဲ အဝေးသို့ခေါ်ထုတ်သွားခဲ့ချေသည်။

လုချီက ဖုန်းပြောပြီးပြီးချင်းပဲ ကျိုးတုကိုကြည့်လာ၏ " တိုက်ဆိုင်လိုက်တာ သူက?? " သူမ၏အကြည့်က ရှယောင်ဘက်သို့ရောက်ရှိသွားသည်။

ကျိုးတုက ချက်ချင်းဖြေပေးလိုက်သည် " သူက ကလေးရဲ့အဖေ "

လုချီက ပြုံးလိုက်ပြီး သူမ၏မျက်လုံးများကလည်း ကွေးညွှတ်သွားခဲ့၏။ သူမက ရှယောင်ဆီ သူမ၏လက်ကိုဆန့်တန်းလိုက်ပြီး နှုတ်ဆက်လိုက်သည် " မင်္ဂလာပါ ကျွန်မက လုချီပါ "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now