Chapter 1

50.3K 4.1K 83
                                    

(Unicode)

(Let's Break up)

" လမ်းခွဲရအောင် " သူ့ရဲ့ဖြူလျော်နေသည့် မျက်နှာလေးကစိတ်သက်သာရာရသွားပုံဖြင့် ရှယောင်ကပြောလိုက်သည်။ ကော်ဖီခွက်အပူကိုကိုင်ထားတဲ့သူ့လက်လေးတွေကတော့ စိတ်လှုပ်ရှားမှုကြောင့်အနည်းငယ်တုန်ယင်နေခဲ့၏။

မျက်နှာချင်းဆိုင်ခုံမှာထိုင်နေသည့် ကျိုးတု ကခံစားချက်မရှိသည့်မျက်ဝန်းတွေဖြင့် ရှယောင် ကိုစိုက်ကြည့်နေခဲ့ပြီး ခံစားချက်မရှိသည့်အသံဖြင့် မေးလိုက်သည်။ " မင်းဘာပြောလိုက်တယ် "

ရှယောင်ဘာမှပြန်မဖြေပဲသူ့ခေါင်းကိုသာအတတ်နိုင်ဆုံးငုံ့ထားလိုက်သည်။

ကျိုးတု သူ့ကိုအချိန်အကြာကြီးစိုက်ကြည့်နေပြီးနောက် ​လေးလံတွေဝေသောအသံဖြင့် ထပ်မေးလိုက်သည်။ " ငါမေးနေတယ်လေ မင်းဘာပြောလိုက်တာလဲလို့ "

ရှယောင် သက်ပြင်းချလိုက်ပြီးဖြည်းဖြည်းချင်းပြောလိုက်သည်။ " ကျိုးတု ငါမင်းကိုမကြိုက်တော့ဘူး လမ်းခွဲရအောင် "

" ငါ့ကိုမကြိုက်တော့ဘူး " ကျိုးတုက အေးစက်ခက်ထန်သောမျက်လုံးများဖြင့် ထိုစကားကိုပြန်ပြောလိုက်သည်။ " မင်းနဲ့တွဲဖို့ဖိအားပေးခဲ့တဲ့ အဲ့ဒီတတိယနှစ်ထဲကငါ့ကိုမကြိုက်ဘူးလို့မင်းဘာလို့မပြောခဲ့လဲ ၊ တက္ကသိုလ်တက်တုန်းကမင်းနဲ့အတူအိပ်ဖို့အိပ်ရာပေါ်မခေါ် ခင်ထဲကမင်းကိုမကြိုက်တော့ဘူးလို့ဘာလို့မပြောခဲ့လဲ ၊ မင်း ငါနဲ့အတူနေခဲ့တာ ခုနှစ်နှစ်ရှိခဲ့ပြီ ဒါတောင်မင်းကအခုမှငါ့ကိုမကြိုက်တော့ဘူးလို့ပြောတယ် "

ကျိုးတု၏ စကားလုံးတွေကရှယောင်ရင်ကိုဓားဖြင့် ထိုးနေသလိုပင်။ ရှယောင်၏ မကောင်းသည့်လုပ်ရပ် တစ်ခုချင်းကိုပြန်အမှတ်ရလာစေခဲ့သည်။

အဲ့နှစ်က ကျိုးတုကိုသူနဲ့တွဲဖို့အတင်းအ​ကြပ်ဖိအားပေးခဲ့သည်။ သို့သော် နှစ်တွေအများကြီးကြာသွားပြီးမှ သူသိလာခဲ့ရတာက သူမှားသွားခဲ့ပြီဆိုတာပင်။ ကိုယ့်ကိုမချစ်သည့်လူတစ်ယောက်ကို ကိုယ့်ဘေးနားမှာအတင်းအကြပ်နေခိုင်းခဲ့မည်ဆိုလျှင်တောင် ကိုယ့်ကိုသူကပြန်ချစ်လာမှာမဟုတ်ပေ။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now