Chapter 27

17.5K 2.5K 209
                                    

[Unicode]

3 in 1 (ရိုးရိုး Chapter တွေရဲ့သုံးဆရှိပါတယ်တဲ့)

(T/N: ဒါက English Translator ပြောထားတဲ့အတိုင်းပါပဲရှင် အမှန်တကယ်ကို သုံးဆရှိပါတယ် ☹)

စာမေးပွဲဖြေရသည့်နှစ်ရက်အတွင်းမှာတော့ စာသင်ခန်းထဲကလေထုက အထူးတလည်ကို အလေးအနက်ဖြစ်နေခဲ့သည်။ အမြဲတမ်းကျောင်းခေါင်းလောင်းထိုးမှ ဝင်လာတတ်တဲ့ဖက်တီးတောင်မှပဲ နာရီဝက်လောက်စောပြီး သူ့ခုံမှာသူထိုင်နေခဲ့ပြီ နောက်ပြီး သူ့လက်ထဲမှာလည်းမည့်သည့် အသားပေါက်စီကိုမှကိုင်ထားခဲ့ခြင်းမရှိခဲ့ပေ။

ရှယောင်လည်းတော်တော့ကိုစိတ်လှုပ်ရှား​ကြောက်ရွံ့နေခဲ့သည် သူ့အရင်ဘဝမှာထဲက သူက Physics ကိုမရခဲ့ပေ။ သူ့ရဲ့နောက်ဆုံးနှစ်ကိုမှတန်းတန်းမတ်မတ်ကြီး ပြန်လည်မွေးဖွားရောက်ရှိလာချိန်မှာတော့ သူ့ရဲ့အရင်အထက်အတန်း နှစ်နှစ်တုန်းကသင်ခဲ့ရသည့်စာတွေအကုန်လုံးကိုလည်းမေ့သွားခဲ့ပြီဖြစ်လေသည်။

ကံကောင်းထောက်မစွာဖြင့် သူကအခြားဘာသာရပ်တွေမှာတော့ အခြေခံကောင်းရှိခဲ့သည် အထူးသဖြင့် အင်္ဂလိပ်။ တက္ကသိုလ်မှာလည်း သူ့ရဲ့အထူးပြုမေဂျာက အင်္ဂလိပ်ဖြစ်သည်မို့ အထက်တန်းကျောင်းကစစ်သည့် အင်္ဂလိပ်စာစစ်ဆေးမှုတွေက လုံးဝကိုပြဿနာမရှိပေ။

ကျိုးတုက ထိပ်ဆုံးကျောင်းသားတစ်ယောက်ဖြစ်သည့်မို့ သူကတကယ်ပဲထိုလစဥ်စာမေးပွဲများကိုစိတ်ဝင်စားမှုမရှိပေ သူကအနောက်မှာထိုင်နေရင်း သူ့လက်ဖြင့်သူ့ခေါင်းကိုထိန်းကိုင်ထားရင်း ရှယောင်ရဲ့ကျောပြင်လေးကို တွေဝေငေးမောစွာကြည့်နေလေသည်။

သူကရုပ်ရှင်လက်မှတ်ဝယ်ထားပြီးပြီ သူတို့နှစ်ယောက်စားမည့် စားသောက်ဆိုင်ကိုလည်းကြိုတင်မှာယူထားပြီးပြီ နောက်ဆုံး သူတို့ ဒိတ်လုပ်ဖို့သွားမယ့် ပန်းခြံလေးကိုတောင်မှ သူရှာထားပြီးသွားပြီ အရာအားလုံးကအဆင်သင့်ဖြစ်နေပြီ သူလုပ်စရာရှိသည့်တစ်ခုတည်းသောအရာက ကျောင်းပိတ်ရက်ကိုစောင့်နေရုံပဲဖြစ်သည်။

သူက ရှယောင်ကိုကြည့်နေရင်း အတွေးထဲနစ်မြုပ်နေတာကြောင့် သူ့ဘေးနားသို့ဝမ်ဟောင်ရောက်လာတာတောင် သတိမထားမိခဲ့ပေ။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now