Chapter 6

20.8K 3.5K 39
                                    

(Unicode)

မင်းပြောသမျှ ငါလုပ်ပေးမယ်


လေထုကအတော်ကိုလေးလံလာလေသည်။ ထိုအချိန်တွင် ဝမ်ဟောင်ကအလိုက်ကမ်းဆိုးမသိစွာဖြင့်​မေးလာ၏။ " ဘာဖြစ်လို့လဲ "

ကျန်းယန်က သူ့ခေါင်းကိုထုလိုက်ပြီးမှ " ဘာမှမဟုတ်ဘူး အရင်ပြန်မယ် "

ရှယောင်ကသိနေတာကြောင့်ပြောလိုက်သည်။ " ခဏနေပြီးမှပြန်ကြ မယ်လေ " သူ့အသံက အလွန်ကိုခြောက်ကပ်နေခဲ့၏။

" ဘာလို့လဲ " ဝမ်ဟောင်က ရှယောင်ကိုကြည့်လိုက်သည်။ အမှန်ပြောရလျှင် ဒီကောင့်ကိုကျိုးတုကဘာလို့ ခေါ် လာမှန်းသူနားမလည်နိုင် ရှယောင်ကိုစတွေ့ထဲကကြည့်လို့မရခဲ့ပေ။

" ကြည့်ရတာ ကျိုးတုအဖေကသူ့ကိုအရေးတကြီးပြောစရာရှိ​​​နေတယ်ထင်တယ် နည်းနည်းလောက်စောင့်ပြီးမှငါတို့ကူညီနိုင်လား ဘာလားကြည့်ပြီးမှပြန်ကြမယ်လေ "

" ဆေးရုံမှာလေဘာဖြစ်နိုင်စရာရှိလဲ " ဝမ်ဟောင်ကသူ့အသံကိုမြှင့်လိုက်သည်။ သို့သော်သူ့စကားမဆုံးသေးခင် ကျိုးတုကသူတို့ဆီလမ်းလျှောက်လာလေသည်။

" မင်းတို့တွေအရင်ပြန်နှင့်လိုက်တော့ " ပျော်ရွှင်မှုတို့က သူ့မျက်နှာထက် ပျောက်ဆုံးနေခဲ့၏။

ဝမ်ဟောင်လည်းသတိထားခဲ့မိတာကြောင့် သူ့မျက်နှာမှာဝေခွဲမရမှူတွေဖြင့်မေးရှာသည် " ဘာဖြစ်လို့လဲ "

ကျိုးတုကမပြောချင်သည့်ပုံစံဖြင့် ခေါင်းခါပြသည်။

ဝမ်ဟောင်ကစိတ်ရှုပ်လာသည့်ပုံဖြင့် " တကယ်ပဲဘာဖြစ်နေတာလဲပြောပြလေ ငါတို့ကညီအစ်ကိုတွေမဟုတ်ဘူးလား "

ကျိုးတုကတိတ်ဆိတ်နေခဲ့၏။

တစ်ချိန်ထဲမှာပဲ သူနာပြုကကျိုးတုဘေးနားရောက်လာပြီးပြောသည်။ " သွေးစစ်ဖို့အဆင်သင့်လုပ်ထားပေးပါ "

ဝမ်ဟောင်ကသူနာပြုကိုလှမ်းဆွဲလိုက်ပြီး ခပ်မြန်မြန်ပဲမေးလိုက်သည် " ဘာဖြစ်လို့လဲ ဘာလို့သူ့သွေးကိုစစ်မှာလဲ သူတစ်ခုခုဖြစ်လို့လား "

ဝမ်ဟောင်ကရုတ်တရတ်လှမ်းဆွဲလိုက်တာကြောင့် သူနာပြုလေးမှာချော်လဲတော့မလိုဖြစ်သွားခဲ့သည် သူကဝမ်ဟောင်ကိုစိတ်ရှုပ်သောအကြည့်ဖြင့်ပြန်လှည့်ကြည့်လိုက်သည်။ ထိုအခါမှ ကျိုးတုကကွဲအက်နေသောအသံဖြင့်ပြောပြလာ၏။ " ငါ့ညီမလေးနေမကောင်းတာ "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now