Chapter 67

9.6K 1.6K 143
                                    

[Unicode]

ကျိုးတုက ရှယောင်သူ့အိမ်လိုက်မယ်ပြောသည်က ကျို့ဝမ်ဟွာ၏ဒေါသတွေအား ဆွရန်ရည်ရွယ်သည်ဟု ယူဆထားခဲ့သည်။ သို့သော် ရှယောင်ကတကယ်ပဲ သူပစ္စည်းတွေယူပြီး သူနဲ့အတူထွက်ရန် လုပ်နေသည်အားမြင်လိုက်ရတော့ ကျိုးတု၏အမူအရာက ကောင်းကင်ကြီးသူ့အပေါ်ပြိုကျလာသကဲ့သို့ ဖြစ်သွားရသည်။ သူကမေးလိုက်၏။ " မင်းတကယ် လိုက်မလို့လား "

ရှယောင်က သူ့အားတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ " အဆင်မပြေဘူးဆိုရင်လည်း.... "

ရှယောင်က သူ့စကားတောင်ဆုံးအောင်မပြောရသေးခင် ကျိုးတုက​ဖြတ်ပြောလာသည်။ " အဆင်ပြေတယ် အဆင်ပြေတယ် အဆင်ပြေတယ် မတအားကိုအဆင်ပြေတယ်။ သွားကြမယ် သွားကြမယ် သွားမယ် လာလေ သွားကြမယ်.... " သူက ရှယောင်အတွက် တံခါးဖွင့်ပေးလိုက်၏။ ရှယောင်ကရယ်လိုက်ပြီး ခေါင်းခါလိုက်၍ နှစ်ယောက်အတူ ထွက်လာခဲ့ကြသည်။

သူတို့ စူပါမားကတ်ရှေ့ဖြတ်လာတော့ ရှယောင်က ရုတ်တရက် ပြောလာသည်။ " ငါတို့ဒီည အိမ်မှာချက်စားကြမလား "

ကျိုးတုက အစားအသောက်တွေဝယ်ဖို့အတွက် စူပါမားကတ်သို့ ပထမဆုံးအကြိမ်လာရောက်ခြင်းမဟုတ်သော်လည်း စျေးဝယ်ရခြင်းကိုပျော်ရွှင်ရသည့်ခံစားချက်ကတော့ ပထမဆုံးအကြိမ် ဖြစ်ပေါ်လာခြင်းဖြစ်၏။ သူက မြင်မြင်သမျှအကုန် စျေးဝယ်ခြင်းထဲထည့်နေခဲ့သည်။ ရှယောင်က စျေးဝယ်ခြင်းထဲက ပစ္စည်းအပုံလိုက်ကြီးကိုကြည့်ပြီး နောက်ဆုံးတော့မေးလာခဲ့သည်။ " မင်းရဲ့ ရေခဲသေတ္တာက ဒါတွေအကုန်ထည့်လို့ ဆံ့တယ်လား "

ကျိုးတုကခဏလောက်စဥ်းစားလိုက်ပြီး " အင်း ငါတို့နောက်ထပ်ရေခဲသေတ္တာတစ်လုံး ထပ်ဝယ်လိုက်သင့်လား "

ရှယောင်က သူ့ကိုတိတ်ဆိတ်စွာကြည့်နေပြီးနောက်မှ ပြောလိုက်သည်။ " ဒါဆို ငါတို့တွေ ဒီစူပါမားကတ်ကြီးတစ်ခုလုံးကို ဝယ်လိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ "

မမျှော်လင့်ထားစွာဘဲ ကျိုးတုက အမှန်တကယ်ကိုရပ်၍ ရှယောင်၏အကြံပြုချက်အား ဖြစ်နိုင်ချေကိုစဥ်းစားနေခဲ့သည်။ သူ့ပုံစံအားမြင်လိုက်ရသည့်ရှယောင်က သူ့လက်ကိုဆွဲလို့ ခပ်မြန်မြန်ပြောလိုက်ရသည်။ " ငါကနောက်တာပါ ဒါကအတော်လေးလုံလောက်နေပြီမို့ အိမ်ပြန်ကြစို့ "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now