Chapter 61

8.5K 1.6K 145
                                    

[Unicode]

နေရောင်ခြည်ကပြတင်းပေါက်ကိုဖြတ်၍ တောက်ပလာသည့် မနက်ခင်းတွင် ကျိုးတုတစ်​ယောက် နိုးလာခဲ့သည်။ သူ့မျက်လုံးများကိုလက်ဖြင့်ကာ၍ အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် ဖြစ်နေခဲ့၏။

သိပ်မကြာခင်ပဲ ကြည့်ရတာ တစ်ခုခုမှားနေကြောင်း သဘောပေါက်လာခဲ့သည်။ မတူညီတဲ့အိပ်ရာ မတူညီတဲ့အနံ့အသက်နဲ့ခေါင်းအုံး။ ဒါကသူ့ရဲ့အိမ် မဟုတ်ဘူး!

ကျိုးတုရုတ်တရက်အသိပြန်ရလာပြီး ငုတ်တုတ်ထထိုင်လိုက်သည်နှင့် အိပ်ရာဘေးတွင်မတ်တပ်ရပ်ပြီး သူ့အားကြည့်နေခဲ့သော ရှယံယံကိုတွေ့လိုက်ရသည်။

ရှယံယံက ရှည်လျားသောမျက်တောင်မွှေးများဖြင့်ကာရံထားပြီး ရတနာတွေလိုမျိုး တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် သူ့အဖေ၏အိပ်ရာပေါ်တွင်အိပ်နေသော ထိုထူးဆန်းသည့်လူကြီးအား အံ့အားသင့်စွာကြည့်နေခဲ့သည်။

ကျိုးတုကဒီတခဏလေး သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ပေ။ သူကလက်ကိုဆန့်ထုတ်လိုက်ပြီး နူးညံ့ကြင်နာစွာဖြင့် ရှယံယံ၏ပါးလေးအား ညှစ်လိုက်သည်။

ဘယ်လောက်ကောင်းလိုက်လဲ။

ရှယံယံက ငိုလည်းမငိုသလို ကျိုးတုကို သူ့ပါးလေးအားညှစ်ခွင့်ပြုထားလေသည်။ ထို့နောက် သူ့ပါးစပ်လေးကိုဟ၍ ခေါ်လိုက်၏ " ပါ့ပါး "

ကျိုးတုကဘာမှမပြောခဲ့ပေ။

ရှယံယံက သူ့ရဲ့ခြေထောက်သေးသေးလေးများဖြင့် အခန်းအပြင်သို့ပြေးထွက်သွားလေသည်။ သူက ဧည့်ခန်းထဲကိုသွားပြီး ထပ်ခေါ်လိုက်ပြန်၏ " ပါ့ပါး "

ထို့နောက် ရင်းနှီးနေသည့်အသံလေးက ကျိုးတုနားထဲရောက်ရှိလာသည်။ ရှယောင်က မီးဖိုထဲတွင် မနက်စာပြင်ဆင်နေခဲ့၏။ သူ့အားခေါ်လိုက်သံကြားသည်နှင့် ပြန်ဖြေလိုက်သည် " ယံယံ ဘာဖြစ်လို့လဲ "

ရှယံယံက မီးဖိုချောင်ထဲထိဆက်ပြီးပြေးဝင်လာသည်။ သူက သူ့အဖေ၏ခြေထောက်အားဖက်ပြီး အိပ်ခန်းထဲသို့လက်ညှိုးထိုးပြ၏။

ရှယောင်က မီးဖိုချောင်ထဲကနေ သူ့အိပ်ခန်းတံခါးကိုလှမ်းကြည့်လိုက်သည့်အချိန် ရှုပ်ထွေးနေသောအမူအရာဖြင့် ကျိုးတုက ထိုနေရာ၌ရပ်နေခဲ့သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now