Chapter 45.2

8.5K 1.7K 26
                                    

[Unicode]

ရှယောင်ရဲ့အိတ်ကပ်ထဲကဖုန်းက အဆတ်မပြတ်တုန်ခါနေခဲ့သည်။ သို့သော်လည်း သူကထိုအရာပေါ်သို့လုံးဝအာရုံမထားခဲ့ပါ။

အခန်းထဲတွင်တော့ အမျိုးသမီးတစ်ယောက်သည် စားပွဲပေါ်ကဖန်ခွက်တစ်ခွက်နှင့်အတူ ခုံပေါ်တွင်ထိုင်နေခဲ့သည်။ သူမကရေခွက်ကိုယူလိုက်ပြီး နည်းနည်းလောက်မှုတ်လိုက်၍ နောက်တစ်ကျိုက်ထဲမော့သောက်လိုက်၏။ သူမပုံစံက အထက်တန်းစားကော်ဖီဆိုင်က ဈေးကြီးသည့်ကော်ဖီတစ်ခွက်ကို အထဲတွင်ရေပူများမပါသလိုမျိုးပုံစံဖြင့် သောက်နေသည့်ပုံပင်။

သူမကခွက်ကို စားပွဲပေါ်သို့ဖြည်းဖြည်းချင်းချလိုက်ပြီး ရှယောင်ကိုပြုံးပြလိုက်သည်။

" စာမေးပွဲပြီးသွားပြီလား။ ဖြေနိုင်ရဲ့လား "

ရှယောင်ကသူ့နှုတ်ခမ်းတွေကိုတင်းတင်းစေ့လိုက်မိ၏။ သူ့မျက်ဝန်းထဲတွင်တော့ သံသယဝင်စရာမလိုလောက်အောင်ပဲ အနည်းငယ်အလိုမကျမှုတို့ကရှိနေခဲ့သည်။ သူအမြဲတမ်းခံစားခဲ့ရသည်က ထိုအမျိုးသမီးသည်သူ့အမေပြောသလိုမျိုး ဒီပတ်ဝန်းကျင်မှာပဲနေသည့် သူ့အမေ၏သူငယ်ချင်းဖြစ်မည့်ဟန်မတူပေ။

" မဆိုးပါဘူး " ရှယောင်ကစကားလေးလုံးထဲဖြင့်သာဖြည်းဖြည်းချင်းပြန်ဖြေလိုက်သည်။

" Oh? " ထိုအမျိုးက သူမ၏မျက်ခုံးတို့ကိုပင့်လိုက်၏ " မင်းသွားချင်တဲ့ တက္ကသိုလ်တစ်ခုခုများရှိလား "

ထိုအချိန်တွင်တော့ ရှယောင်ကဘာစကားတစ်ခွန်းမှပြန်ပြီးမပြောတော့ပေ။ သူကမတ်တပ်ရပ်လိုက်ပြီး သူ့အမေကိုပဲတန်းပြောလိုက်၏ " မား ကျွန်တော်ပင်ပန်းနေလို့ အခန်းထဲသွားနားတော့မယ် "

" သွားလေ " ရှအမေက သူမ၏သားကိုရှုပ်ထွေးနေသော မျက်နှာဖြင့် ကြည့်နေ၏။

ရှယောင်က ရိုးရိုးရှင်းရှင်းသာပြန်ပြောလိုက်၏ " အင်း " ထို့နောက် ထိုမိန်းမကြီးကိုအကြည့်တစ်ချက်တောင်မပေးတော့ပဲ သူ့အခန်းထဲသို့သွားလိုက်တော့သည်။

" ရှင်ပြန်သင့်ပြီ " ရှအမေက မိန်းမကြီးကိုတိုးတိုးလေးပြောလိုက်၏ " ကျွန်မရှင့်ကိုဒီ့ထက်ပိုမမြင်ချင်တော့ဘူး "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now