Chapter 25.2

15.7K 2.5K 13
                                    

[Unicode]

ငါမင်းကိုနေ့တိုင်းလွမ်းတယ် (ဒုတိယပိုင်း)


သူ သူ့အိမ်တံခါးရှေ့ရောက်ခါနီးမှာပဲ လမ်းဟိုဘက်မှာရပ်ထားသည့်ကားတစ်စီးကို ရှ​ယောင်သတိပြုမိလိုက်သည်။ တိုက်မှာနေသည့်သူတွေက အလုပ်သမားတွေပဲဖြစ်တာကြောင့် အဲ့လိုစျေးကြီးသည့်ကားကိုတွေ့လိုက်ရတော့ ရှယောင်မနေနိုင်ပဲကြည့်လိုက်မိသည်။ သို့သော်လည်း ချက်ချင်းပဲသူ့ခေါင်းကိုပြန်လှည့်လိုက်၏။

သူလှေကားထစ်တွေပေါ်တက်သွားတော့ မိတ်ကပ်အကောင်းစားတွေလူးပြီး ကျက်သရေရှိစွာဆင်းလာသည့် အမျိုးသမီးတစ်ယောက်ကိုမြင်လိုက်ရသည်။ ရှယောင်လည်း သူ့ကိုယ်သူနံရံဘေးသို့ကပ်လိုက်ပြီး လမ်းဖယ်ပေးလိုက်၏။ မမျှော်လင့်ပဲ အဲ့အမျိုးသမီးက ရှယောင်ကိုလည်းမြင်ရော ရပ်တန့်လိုက်သည်။

ညစ်ပတ်ပြီးဟောင်းနွမ်းနေသောကော်ရစ်ဒါလေးက လှေကားတွေက ကျဥ်းပြီးလူနှင့်ပြည့်ကြပ်နေသလိုဖြစ်နေသည်။ သူမရပ်ပြီးသိပ်မကြာခင်ပဲ သူမနှင့်ရှယောင် ကြားကအကွာအဝေးကတဖြည်းဖြည်းပျောက်ကွယ်လာလေသည်။

သူမ၏ရေမွှေးနံ့တွေကလည်း ရှယောင်နှာခေါင်းလေးနားမှာရစ်ဝဲနေခဲ့သည် သူမကပြုံးပြီး ယဥ်ကျေးစွာပြုမူနေသော်လည်း သူအသံကတော့အေးစက်နေသည် " ရှယောင်? "

ရှယောင်က ထိုအမျိုးသမီးကိုအံ့သြတကြီးကြည့်နေမိသည် သူက သူ့ကိုဘယ်လိုလုပ်သိနေပါလိမ့်။

" ခွင့်ပြုပါ အန်တီက? "

အမျိုးသမီးကရှယောင်၏ မေးခွန်းကိုမဖြေပဲ ပြုံးလျှက်ခေါင်းညိတ်ပြပြီး ပြန်လှည့်၍အောက်သို့ဆက်ဆင်းသွားလေသည်။

ရှယောင်က ထိုအမျိုးသမီး ထိုစျေးကြီးတဲ့ကားထဲဝင်သွားတာကိုကြည့်နေခဲ့ပြီးမှ အပေါ်သို့ဆက်တက်၍အိမ်သို့ပြန်သွားလိုက်သည်။

ရှယောင်ပြန်ရောက်တော့ အိမ်ရှေ့တံခါးကလော့မချထားတာကိုတွေ့လိုက်ရသည် အိမ်အထဲကနေထွက်လာသည့် ခုနကအမျိုးသမီးကြီး၏ရေမွှေးနံ့နှင့်တူညီသောအနံ့ ကိုလည်းရလိုက်ပေသည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now