Chapter 29

14.4K 2.6K 72
                                    

[Unicode]

ဘာလို့ယောကျ်ားနှစ်ယောက်ကတွဲလို့မရရမှာလဲ

ပထမဆုံးဝမ်ဟောင်ကနောက်ကိုဆုတ်လိုက်ပြီး သူကရယ်လျှက်ပြောလိုက်သည် " မင်းတို့နှစ်ယောက်ရဲ့အချိန်ကောင်းလေးတွေကို ငါမနှောင့်ယှက်တော့ပါဘူး ဟား.. ဟား.. ဟား "

ကျိုးတုက ဝမ်ဟောင်ရဲ့မယုံမကြည်ဖြစ်နေသောအမူအရာကြီးကိုမြင်တော့ ရုတ်တရက်ဒေါသတို့ကထွက်လာခဲ့သည်။ သူကဝမ်ဟောင်ကိုပြောလိုက်သည် " ငါတို့နှစ်ယောက်ကအခုတစ်ကယ်တွဲနေကြတာ "

" အဟွတ် အဟွတ် မင်းဘာပြောလိုက်တာလဲ " ကျယ်လောင်စွာအော်ရယ်နေသောဝမ်ဟောင်က ထိတ်လန့်သွားပြီးတံတွေးများပါသီးသွားရသည် သူကသူ့ရှေ့ကလူနှစ်ယောက်ကိုကြည့်လိုက်ပြီး သူ့မျက်နှာပေါ်မှာ ရှုပ်ထွေးနေသည့်အမူအရာတို့ကပေါ်လာခဲ့သည် " တွဲ တွဲနေကြတာ? မင်းတို့နှစ်ယောက်ကလေ "

ရှယောင်ကဘာစကားတစ်လုံးမှမပြောပဲ ဘေးနားမှာတိတ်တိတ်လေးသာရပ်နေခဲ့သည်။ ကျိုးတုကသူ့ရှေ့ကဝမ်ဟောင်ကိုကြည့်နေရင်း သူကရူးနေတာလားဟုတောင်တွေးလိုက်သေးသည်။

" ဝှက်သယ်ဖာခ့် " ဝမ်ဟောင်ကအရင်ဆုံးကျိုးတုကိုကြည့်သည် ပြီးနောက်ရှယောင်ကိုပြန်ကြည့်သည် ထို့နောက်ပြောလိုက်၏ " မင်းငါ့ကိုလာနောက်နေတာလား ဘယ်လိုလုပ်ယောကျ်ားနှစ်ယောက်ကတွဲလို့ရမှာလဲ "

" ဘာလို့ယောကျ်ားနှစ်ယောက်ကတွဲလို့မရရမှာလဲ " ကျိုးတုကမျက်မှောင်ကြုတ်လိုက်သည်။

ဘာလို့ယောကျ်ားနှစ်​ယောက်ကတွဲလို့မရတာလဲ ဝမ်ဟောင်လည်းရှင်းမပြတတ်ပါ။ သူသူ့ပါးစပ်ကိုဖွင့်ပြီးပြောဖို့လုပ်လိုက်ပေမယ့် ဝါကျတစ်ခုထဲသာထွက်သွားရသည် " ဘာပဲဖြစ်ဖြစ် သူတို့ကမဖြစ်နိုင်ဘူး "

ရှယောင်မျက်နှာလေးကဖြူစုတ်နေသည် သူ့ပုခုံးပေါ်ကကျိုးတုလက်မောင်းတွေကိုဖယ်လိုက်ပြီး သက်ပြင်းချ၍ပြောလိုက်သည် " ငါအရင်ပြန်နှင့်မယ် "

ကျိုးတုကအခုမှ ရှယောင်ရဲ့ပျက်ယွင်းနေတဲ့မျက်နှာလေးကိုသတိထားမိတော့သည်။ သူကရုတ်တရက် ရှယောင်ပြောထားသည့် အခြားလူတွေရှေ့မှာသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုမပြောပြဖို့ ဆိုသည့်အချက်ကိုသတိရလိုက်မိတော့သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now