Chapter 48

8.7K 1.6K 37
                                    

[Unicode]

ရှယောင်ရဲ့ငေးကြည့်နေခြင်းက ကျိုးတုကိုကျေနပ်သွားစေသည်။ သူကသူ့ရဲ့မျက်ခုံးကိုမြှင့်လိုက်၍မေးလိုက်၏ " ငါဘယ်လိုနေလဲ "

ကျိုးတုရဲ့မေးခွန်းက ရှယောင်ကိုပြန်ပြီးသတိပြန်ဝင်လာစေသည်။ သူက ကျိုးတုကိုလှည့်ပြီးမပြောခင် သူ့ရဲ့မျက်ခမ်းများကိုမှိတ်ချလိုက်မိသည် " ဒီကိုလာစား "

ကျိုးတုကလှေကားပေါ်ကပြေးဆင်းလာပြီး ရှယောင်ရှေ့မတ်တပ်ရပ်လိုက်သည် " ငါ့ကိုကြည့် "

သက်ပြင်းချလိုက်ပြီး ရှယောင်ကသူ့ရဲ့ခေါင်းကိုမော့၍ ကျိုးတုမျက်လုံးကိုတည့်တည့်ကြည့်လိုက်သည် " ဒီကိုလာပြီးစားတော့ "

စားသောက်ပြီးနောက် ကျိုးတုကကူညီပြီးစားပွဲကိုသန့်ရှင်းရေးလုပ်ပေးသည်။ အနောက်တိုင်းဝတ်စုံကြီးနှင့် ကျိုးတုကို ရှယောင်ကကြည့်ပြီး ရယ်လိုက်မိသည် " ငါတော့ မင်းအရင်ဆုံးအဝတ်အစားလဲလိုက်တာကောင်းမယ်လို့ထင်တယ် "

ရှယောင်ပြောသည်ကိုလည်းကြားရော ကျိုးတုကစိတ်ပြောင်းသွားပြီး " အိုး ဟုတ်သားပဲ မင်းငါ့အခန်းကိုမမြင်ဖူးသေးဘူးမလား လာ လာ မင်းကိုငါ့အခန်းလိုက်ပြမယ် " ရှယောင်ရဲ့စကားကိုတောင်စောင့်မနေတော့ပဲ သူကရှယောင်ကိုဆွဲ၍ လှေကားပေါ်သို့တက်သွားတော့သည်။ ရှယောင်ကကျိုးတုရဲ့ ခေါင်းနောက်ဘက်လေးကိုကြည့်ရင်း ကျိုးတုခေါင်းထဲကရှက်စရာအတွေးတွေကို ရှယောင်ရှင်းရှင်းလင်းလင်းသိနေ၏။ သူက ကျိုးတုကိုသူ့အခန်းထဲသို့သာဆွဲခေါ်သွားခွင့်ပြုလိုက်တော့သည်။

ကျိုးတုအခန်းကအတော်လေးကြီးပြီး တောက်ပသည် ဒါကရှယောင်ရဲ့ပထမဆုံးအတွေးဖြစ်၏။ ထပ်မံပြီး စစ်ကြည့်လိုက်တော့ အခန်းထဲကပစ္စည်းတွေကနေရာတကျရှိနေပြီး ကြမ်းပြင်ကတောင်သန့်ရှင်းနေသည်။ ရှယောင်တွေးမကြည့်ပဲတောင်သိနိုင်၏။ ဒါက ကျိုးမိသားစုကနာနီရဲ့အလုပ်ကြိုးစားမှုကြောင့်ပဲဖြစ်လိမ့်မည်။

ကျိုးတုကသူ့စားပွဲခုံအောက်က ခုံကိုဆွဲယူလိုက်ပြီး သူ့တံတောင်ဖြင့်အဝေးသို့တွန်းထုတ်လိုက်၍ " ဒီမှာထိုင် " ဆိုပြီး သူ့ရဲ့သပ်သပ်ရပ်ရပ်အိပ်ရာပေါ်ကိုပုတ်ပြလိုက်သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now