[Unicode]
ထိုနှစ်တွေအတွင်းမှာသူတို့ကအတူအိပ်ပြီး တစ်ယောက်နဲ့တစ်ယောက်လည်းရင်းနှီးတဲ့ဆက်ဆံရေးတွေရှိထားခဲ့တာ
မကြာခင်ကပဲ ကျိုးတုကမကျေနပ်သောအကြည့်များဖြင့် သူ့ကိုကြည့်နေသည်ဟု ရှယောင်ခံစားမိခဲ့သည်။ ဟုတ်တာပေါ့ တစ်စုံတစ်ယောက်ဆီကနေ မနာလိုစရာသတင်းတစ်ခုကိုကြားသိခဲ့ရသည်ကို။ထိုနေ့လည်ခင်းမှာပဲ အားကစားအတန်းကိုယ်စားလှယ်က လက်ထဲမှာစာရွက်တစ်ရွက်ကိုကိုင်ထားလျှက် အသက်မရှူနိုင်စွာပြေးဝင်လာခဲ့သည် ဆရာစားပွဲရှေ့မှာရပ်လျှက် စားပွဲခုံကိုအားကုန်ထုချလိုက်ပြီး အော်ပြောလိုက်သည် " သူငယ်ချင်းတို့ စိတ်ညစ်စရာထပ်ပြော ရအုံးမယ် ကျောင်းတွင်းအားကစားပြိုင်ပွဲတွေကစတော့မယ် "
ထိုအချိန်မှာပဲတစ်ခန်းလုံးက လုံးဝကိုတိတ်ဆိတ်သွားတော့သည်။
" ကျောင်းတွင်းအားကစားပြိုင်ပွဲ! ငါတို့ကို မီတာ ၃၀၀၀ ထပ်ပြေးခိုင်းမယ်လို့ မပြောစမ်းပါနဲ့ "
" ငါကိုသတ်မယ်ဆိုရင်တောင်ငါမပါနိုင်ဘူး "
" ငါတို့က အကြီးတန်းတွေဖြစ်နေပြီပဲ မပါလို့မရဘူးလား "
" မရဘူး " အားကစားအတန်းကိုယ်စားလှယ်က အရပ်ရှည်ရှည်နှင့်အသားညိုသောယောကျ်ားလေးတစ်ယောက်ဖြစ်သည်။ သူကအခန်းတစ်ခုလုံးကိုဝေ့ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည် " သမ္မတကတော်ကြီးကဒီပြိုင်ပွဲအတွက် အမိန့်ပေးထားတယ် ငါတို့တွေအကုန် ငါတို့မှာရှိသမျှအစွမ်းအစအကုန်ထုတ်ပြီး နောက်ခန်းကကောင်တွေကိုနိုင်အောင်ပြိုင်ရမယ်တဲ့ "
" ငါတို့ကိုသေခိုင်းနေတာလား " ဆံပင်ဖောင်းဖောင်းလေးရှိတဲ့ကောင်လေးက ညည်းညူလိုက်ရင်းခုံပေါ်မှောက်အိပ်လိုက်သည်။ " အဲ့အတန်းထဲမှာ အားကစားအတွက်အထူးရွေးချယ်ထားတဲ့ကျောင်းသားတွေမှအများကြီး "
အတန်းခေါင်းဆောင်ကသူ့မျက်မှန်ကိုပင့်တင်လိုက်ပြီး အလေးအနက်ထားပြောလိုက်သည် " ဒီအားကစားပြိုင်ပွဲအတွက်ကတော့ ကြည့်ရတာ ငါတို့ဥာဏ်ရှိမှပဲ နိုင်လိမ့်မယ်။ခက်ခဲတဲ့လမ်းကို ရွေးလို့ မဖြစ်ဘူး "
YOU ARE READING
© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]
RomanceOriginal Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozhōu) Status - 70 Chapters (Completed) English Tran - Completed Myanmar Tran - Completed English Tran - You can read in https://exiledrebelss...