Chapter 40.2

10.5K 2.1K 24
                                    

[Unicode]

ကျိုးတုကစားပွဲခုံပေါ်သို့ရေခွက်ကိုပြန်မထားရသေးခင် ရှယောင်ကိုတိတ်တိတ်လေးလှမ်းကြည့်လိုက်ပြီး ရှယောင်အမေကို တိုးတိုးလေးမေးလိုက်သည် " ကျွန်တော်တကယ်ပဲဒီညနေလို့ရလား "

ရှယောင်အမေက ပြုံးလျှက်ကျိုးတုကိုကြည့်လိုက်ပြီး " သားစိတ်မရှိဘူးဆိုရင်ပေါ့ သားလည်းသိတဲ့အတိုင်းပဲ အန်တီတို့ရဲ့အိမ်လေးကသေးတယ်လေ ရှယောင်ကလည်းအမြဲတမ်းတစ်ယောက်အိပ်ခုတင်လေးနဲ့ပဲအိပ်ရတာ "

" မရှိပါဘူး မရှိပါဘူး " ကျိုးတုကယဥ်ယဥ်ကျေးကျေးလေးပြန်ပြောလိုက်သည်။ အမှန်ပြောရမည်ဆိုလျှင် ရှယောင်အမေကလည်း ရုပ်ချောပြီး ယဥ်ကျေးသည့်ကျိုးတုကိုအတော်လေးနှစ်သက်သဘောကျနေခဲ့သည်။ ထိုအချိန်တွင်ရှယောင်က မီးဖိုချောင်ထဲတွင် ရေနွေးတည်နေခဲ့၏။ သူတို့၏ထိုကဲ့သို့ သေးငယ်လှသောအိမ်လေးထဲက ကျိုးတုနှင့်ရှယောင်အမေ၏ စကားဝိုင်းလေးကို ရှယောင်သည်ခရစ်စတယ်လို ရှင်းရှင်းလင်းလင်းကြားသိနေရပါ၏။ သူ့မျက်နှာလေးနီရဲလာနေမှုကို သူလုံးဝမတားဆီးနိုင်တော့ပါလေ။

ရှယောင်အမေက ရေချိုးပြီးနောက်အိပ်ရာဝင်သွားသည်။ သူမကမအိပ်ခင် ရှယောင်၏အိပ်ရာပေါ်ကစောင်တွေကိုသေချာလိုက်ကြည့်ပြီး လုံလောက်အောင်နွေးထွေးမှုရှိရဲ့လားဟူ၍စစ်ဆေးပေးခဲ့၏။ ကျိုးတုအတွက်ကတော့ စောင်တွေကပါးလျှင်ပိုတောင်ကောင်းသေးသည် အဲ့တာမှ ရှယောင်လေးအေးတဲ့အခါကျ သူ့လက်မောင်းတွေထဲသေချာပေါက်ဝင်လာမှာဖြစ်သည်။

ရှယောင်အမေအိပ်သွားသောအခါ ကျဥ်းမြောင်းလှသောဧည့်ခန်းလေးထဲ ကျိုးတုနှင့်ရှယောင် နှစ်ယောက်ထဲသာကျန်ရှိခဲ့တော့သည်။ ရှယောင်ကရေနွေးတစ်ဝက်ဖြည့်ထားသည့်ဇလုံတစ်လုံးကိုယူလာပြီးမေးလိုက်သည် " မင်းမအိပ်ခင်ခြေထောက်မဆေးတော့ဘူးလား " ကျိုးတုရဲ့အကြည့်တွေက ရှယောင်ဆီကနေတစ်ခါမှတောင်ဖယ်ခွာမသွားပေ သူကရှယောင်ဘာလုပ်လုပ်လိုက်ကြည့်နေပြီး ခွေးတစ်ကောင်ကသူ၏အရိုးကို မျက်ခြေမပြတ်စောင့်ကြည့်နေသည်နှင့်ပင်တူနေသေး၏။ ရှယောင်တစ်နေရာရာကနေ ခွေးခြေခုံလေးကိုထုတ်ယူလိုက်ပြီး ဇလုံဘေးနားထိုင်၍ ကျိုးတုကိုမေးလိုက်သည် " ငါတို့နှစ်ယောက်အတူတူဆေးတာကို မင်းစိတ်မရှိဘူးမလား " သေချာတာပေါ့ ကျိုးတုကစိတ်မရှိပါဘူး။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now