Chapter 10

22.1K 3.4K 61
                                    

[Unicode]

အဲ့လူကတကယ်ပဲကျိုးတုလား

ရှယောင် ကျောင်းပြန်တက်တော့ကျောင်းအုပ်ကြီးကသူ့ကိုခေါ်တွေ့သည်။ တနင်္လာနေ့မနက်ခင်းမှာသူ့အတွက် အထူးစပါယ်ရှယ်ဂုဏ်ပြုပွဲကြီးကိုလည်းကျင်းပပေးသေးသည်။

ကျောင်းကပေးသည့်ဂုဏ်ပြုလက်မှတ်ကို ယူရန်အတွက်ရှယောင်စင်ပေါ်တက်ရပြီး ရွေးချယ်စရာမရှိတာကြောင့်ကျေးဇူးတင်စကားကိုပြောခဲ့ရသေးသည်။

ရှယောင်အခန်းထဲပြန်ရောက်တော့ သူ့ခုံပေါ်မှာ ကဒ်ပြားများဖြင့်ပြည့်နေသည့်ကိုတွေ့လိုက်ရသည်။ ရှယောင်ဒီလောက်ထိဖြစ်သွားမယ်မှန်းသူမသိခဲ့ပေ။ သူ့ခုံပေါ်ကကျောင်းသားများ၏ဆုတောင်းကဒ်ပြားများကိုကြည့်ရင်း ပထမဆုံးအကြိမ်အတန်း၏နွေးထွေးမှုကိုသူခံစားလိုက်ရသည်။

ထိုနေ့ပြီးသိပ်မကြာခင်မှာပဲ သမ္မတကတော်ကြီးကသတင်းဆိုးတစ်ခုကိုသယ်ဆောင်လာခဲ့သည်။ လပတ်စာမေးပွဲကြီးကနီးကပ်လာနေပြီဟု။

စီနီယာကျောင်းသားများအတွက်တော့ စာမေးပွဲကကျည်ဆံမရှိပဲတိုက်နေရသည့်စစ်ပွဲများနှင့်အလားသဏ္ဍန်တူသည်။ ဒါတွေက အတန်းထဲမှာ ပုံမှန်ဖြစ်နေသလိုပဲ ဂရုမစိုက်ကြတဲ့အပြင် ပိုပြီးတော့တောင် ဂရုမစိုက်စွာနေနေကြသေးသည်။ ထိုကြောင့်အတန်းထဲကခုံတွေသည်လည်းတစ်စထက်တစ်စပိုပိုပြီးလူပြည့်လာခဲ့သည်။

ရှယောင်ကကောင်းကောင်းနေပြန်ကောင်းလာနေပြီဖြစ်သည်။ သူ့အသက်အရွယ်တွင်သူ့ခန္ဓာကိုယ်ကကိုယ်ခံအားအကောင်းဆုံးဖြစ်ပေသည်။ ရှယောင်အိမ်ပြန်ရောက်တော့လည်း သူ့အမေက​​နေ့တိုင်းရှယောင်နေပြန်ကောင်းအောင်စနစ်တကျကျွေးမွေးဂရုစိုက်ပေးသေးသည်။

ကျိုးတုဘေးမှာထိုင်နေတဲ့ကျောင်းသားကိုစကားလှမ်းပြောရင်း သူ့စားပွဲခုံမှာသူအိပ်နေတဲ့ကျိုးတုကိုကြည့်ဖို့အခွင့်အရေးလည်းရပေသည်။

ရှယောင် အဲ့နေ့ညမှောင်မဲနေတဲ့ဆေးရုံအခန်းထဲမှာ ကျိုးတုကိုဘာတွေပြောခဲ့မိသလဲဆိုတာသူလုံးဝမမေ့ခဲ့ပါ။ ပြီးတော့ ကျိုးတုသည်လည်းလုံးဝမမေ့ဘူးဆိုတာသူသိပေသည်။ အဘယ့်ကြောင့်ဆိုသော် ကျိုးတုသည်ထိုညပြီးထဲက ရှယောင်ရှေ့သို့ပေါ်မလာခဲ့သောကြောင့်ဖြစ်လေသည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now