Chapter 30

16.4K 2.5K 65
                                    

[Unicode]

" ကျိုးတု အားကစားရုံထဲမြန်မြန်လာခဲ့ ဒီမှာချောတဲ့ကောင်လေးတစ်ယောက်က ရှယောင်ကိုကြောင်ဖို့ကြိုးစားနေတယ် "

တနင်္ဂနွေနေ့မနက် ၇ နာရီအချိန်တွင် ကျောင်းဂိတ်ဝ၌ Bus ကားကြီးများကိုရပ်ထားသည်။ မနက်စောစောနေရောင်ခြည်ကအဆောက်အဦးအရှည်ကြီးနှစ်ခုကြားကဖြတ်၍ ကားပြတင်းပေါက်ကိုဖြတ်ပြီး ပျင်းရိနေသောရှယောင်ကိုယ်လေး​ပေါ်သို့ဖြာကျနေသည်။

ကာယဆရာက bus ကားတံခါးဝမှာမတ်တပ်ရပ်နေပြီး ကားထဲကပျင်းရိနေကြသည့်ကျောင်းသားတွေ၏ နာမည်နှင့်အတန်းကိုမှတ်သားနေသည်။ ရှယောင်ကသူ့ရဲ့ကျောင်းလွယ်အိတ်ကိုသူ့လက်မောင်းတွေနဲ့ပိုက်ပြီး ရှုပ်ထွေးနေတဲ့ကျောင်းဂိတ်ဝကိုကြည့်နေသည်။

သူ့ကျောင်းဝတ်စုံထဲကဖုန်းကစတင်တုန်ခါလာပြီးမှပဲ ရှယောင်တစ်ယောက်အခုအခြေအနေသို့ပြန်ရောက်လာခဲ့သည်။ သူကသူ့အိတ်ကပ်ထဲကယူထုတ်လိုက်သည့်အချိန် ဖုန်းသံကတစ်ကားလုံးပြန့်သွားတော့သည်။

"Hello?"

" မင်းဘယ်ကားထဲမှာလဲ "

ရှယောင်ကသူ့ခေါင်းကိုပြတင်းပေါက်အပြင်ဘက်ထုတ်လိုက်ပြီး ဘေးဘိဝဲယာကြည့်လိုက်သည် " ဒုတိယကားထဲမှာ "

" မကြာခင်တွေ့မယ် " ကျိုးတုကပြောလိုက်ပြီး ဖုန်းချလိုက်သည်။

သိပ်မကြာခင်မှာပဲ ရှယောင်က Bus ကားရှေ့တံခါးဝကိုလာနေသည့်ကျိုးတုကိုမြင်လိုက်ရသည်။ နှစ်ယောက်သားမျက်လုံးချင်းဆုံမိတော့ ရှယောင်တစ်ယောက်ရှက်သွားရသည်။

Bus ကားပေါ်မှာနေရာအလွတ်တွေအများကြီးရှိသော်လည်း ကျိုးတုကတော့တစ်ချက်လေးတောင်မကြည့်ပဲ ရှယောင်ဘေးကထိုင်ခုံနေရာသို့တန်းသွားလိုက်သည်။

" မနက်စာစားပြီးပြီလား " မေးနေရင်းဖြင့် သူကသူ့လွယ်အိတ်ထဲကနွားနို့ဘူးကိုယူထုတ်လိုက်သည်။ သူကအဖုံးဖွင့်လိုက်ပြီး ရှယောင်ကိုပေးလိုက်သည်။

ရှယောင်ကခဏလောက်ကြောင်ကြည့်နေတော့ ကျိုးတုကပဲနွားနို့ဘူးကိုသူ့မျက်နှာရှေ့ထားပြီးပြောလိုက်တယ် " မြန်မြန်သောက်လိုက် "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now