အိမ်ပြန်မည့်လမ်းကြောင်းကိုရှာရမှာ ဘာအခက်အခဲမှမရှိဘူးလို့ ဟော်ချွီပြတ်ပြတ်သားသားပြောလာခဲ့ပေမယ့် ယွီချင့်ဟွမ်ရတက်မအေးဖြစ်မိနေဆဲပင်။ ဟော်ချွီမှ သူ့ဘာသာဆုံးဖြတ်ပြီး ယာဉ်မောင်းကိုမနက်ဖြန်ကစပြီး လာဖို့မလိုအပ်တော့ဘူးပြောခဲ့လိုက်မှာကို စိုးရိမ်တာကြောင့် မနက်စာစားချိန်မှာ ယာဉ်မောင်းကို သူကိုယ်တိုင်ဖုန်းဆက်ဖို့ ချင့်ဟွမ်ဆုံးဖြတ်ခဲ့သည်။"စိတ်မပူပါနဲ့" ယာဉ်မောင်းကဆိုလာ၏။ "ကျွန်တော်မနက်ဖြန်အချိန်မှီလာခဲ့ပါမယ်၊ ပရော်ဖက်ဆာဟော်က အလုပ်အသွားပဲ သူ့ကိုလိုက်ပို့ဖို့လိုတယ်လို့ပြောခဲ့ပါတယ်၊ တကယ်တော့ မနေ့ညက သူအလုပ်ဆင်းတော့ ကျွန်တော်သူ့နောက်ကတောက်လျှောက်လိုက်လာခဲ့တာပါ"
ယွီချင့်ဟွမ် အတော်လေးနဝေတိမ်တောင်ဖြစ်သွားရ၏။ မင်းရဲ့ယာဉ်မောင်းကို အလုပ်အသွားကိုလိုက်ပို့ခိုင်းပြီး အလုပ်အဆင်းကိုတော့ လာမကြိုခိုင်းတာ ဘယ်လိုတွေးခေါ်မှုစနစ်များလဲ?
ဟော်ချွီကိုမေးဖို့ရည်ရွယ်ရင်း သူဖုန်းချလိုက်သည်။ ဟော်ချွီမှာ ငရုတ်ပွစိမ်းဝက်သားစင်းကောတစ်ပန်းကန်နှင့် လုံးပမ်းနေ၏။ တူနှင့်အစာကိုကောက်ယူရန် သူကြိုးပမ်းအားထုတ်နေပေမယ့် အကြိမ်တချို့ကြိုးစားပြီးတိုင်အောင် မအောင်မမြင်ဖြစ်နေခဲ့သည်။
နှုတ်ခမ်းတွေကိုတင်းတင်းစေ့ထားရင်း သူ့မျက်လုံးတွေကစိတ်မရှည်တော့သလိုဖြစ်လာ၏။ ချင့်ဟွမ်မေးခွန်းကိုကြားတော့ သူက တူကိုအသာလေးချလိုက်ပြီး အရိုးခံအတိုင်းဆိုလာသည်။
"ဘာလို့ဆို အလုပ်သွားမယ့်လမ်းကြောင်းကို ကိုယ်မရှာနိုင်လို့လေ"
ယွီချင့်ဟွမ်အံ့အားသင့်သွားရ၏။ "အလုပ်သွားတဲ့လမ်းကြောင်းနဲ့ အိမ်ပြန်တဲ့လမ်းကြောင်းက အတူတူပဲမဟုတ်ဘူးလား?"
တစ်ခါတရံမှာ ဟော်ချွီဦးနှောက်ရဲ့အလုပ်လုပ်ပုံကို သူတကယ်ပဲလိုက်မမှီပေ။ သူ့ဘေးနားထိုင်ဖို့ ထိုင်ခုံကိုဆွဲလိုက်ရင်း အကြင်သူ့မေးဖျားကိုဖမ်းဆွဲလိုက်ကာ ဟော်ချွီအား သူကြည့်နေလိုက်၏။
YOU ARE READING
ရည်းစားလေးပဲထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
Romanceမြန်မာဘာသာပြန် အပိုင်း- ၉၇ အချပ်ပို-၆