[ᴜɴɪᴄᴏᴅᴇ]
ချက်ချင်းပဲ appa ဆီ ဖုန်းဆက်လိုက်မိတယ်။
"Hello appa,jen ကို အခု့ လာခေါ်ပေးပါ"
"ဟင်...NiNi ချက်ချင်း သွားမလို့လား?lili ဆိုလိုတာ အခု့မဟုတ်ဘူးလေ။နောက်မှ"
"ဘာပဲဖြစ်ဖြစ် တို့ က ပြန်ရမှာပဲ မဟုတ်လား?အခု့နဲ့ နောက်ပဲ ကွာတာလေ။အခု့ ပြန်လိုက်တာပဲ ကောင်းပါတယ်။"
သူမ ရှေ့မှာ jen ဆက်ပြီး မနေချင်တော့ပါ။သူမ ရဲ့ အကြည့်တွေနဲ့ သူမ မျက်ရည်တွေက jen ကို တွေဝေစေတယ်။သူမ ဘာမှ မပြောလိုက်ရသေးခင်မှာပဲ jen ခွင့်လွှတ်စိတ်ကို ရယူနိုင်တယ်။
သူမ ကို ကျောခိုင်းလိုက်မိတော့ သူမ က အနောက်ကနေ လာဖက်ပြန်တယ်။
"NiNi , lili မှားသွားခဲ့ရင် တောင်းပန်ပါတယ်။
NiNi ကို အခု့ချက်ချင်းထွက်သွားစေချင်လို့ပြောတာ မဟုတ်ပါဘူး"lili စိတ်တွေ အရမ်း ရှုပ်ထွေးနေတာပဲ NiNi !
NiNi ကို လိုအပ်နေပေမဲ့ NiNi ကိုပါ စိတ်ရှုပ်စေချင်ဘူး။NiNi ကို ပျော်ရွှင်မှု မဟုတ်တဲ့ အခြား ဘယ်အရာကိုမှလဲ မပေးချင်ဘူး။"ရပါတယ်။မင်း မှ မမှားတာ တောင်းပန်စရာမလိုပါဘူး"
အနောက်ကနေ ဖက်ထားတဲ့ သူမ လက်တွေကို jen ကိုင်ထားနေမိတယ်။သူမကလဲ jen ရဲ့ ဆံနွယ်တွေကြားကနေပြီး jen လည်ပင်းလေးကိုလဲ အနမ်းတွေ ပေးနေပြန်တယ်။
လွယ်တယ်လို့ပဲ ပြောပြော နွေးထွေးတဲ့ သူမ ရင်ခွင်ထဲကို ရောက်ကတည်းက jen စိတ်ဆိုးမှုတွေ မရှိတော့ပါဘူး။
"အခုချက်ချင်းတော့ မသွားပါနဲ့လား NiNi"
သူမ ဘက်ကို လှည့်ပြီး
"appa ကို လာခေါ်ဖို့ ပြောပြီးပြီလေ!
မနက်ကျရင် ကျောင်းမှာ တွေ့ကြတာပေါ့ ။"".........."
သူမ အတွက် အထောက်အကူ ဖြစ်မလား မသိပေမဲ့ သူမ ရဲ့ နှုတ်ခမ်းလေးတွေကို နမ်းလိုက်မိတယ်။
သူမ မျက်နှာပေါ်မှာ ပြုံးယောင်လေး သန်းသွားရုံနဲ့တင် jen ကျေနပ်ပါတယ်။
YOU ARE READING
Only One Reason