EP 23

7.4K 582 103
                                        

[ᴜɴɪᴄᴏᴅᴇ]

"Ya ....lisa...တော်ပါ​တော့
အဲဒီ နှုတ်ခမ်းကို ထပ်ပြီး မကိုက်ပါနဲ့​တော့
တို့ ချစ်တယ်လို့ ပြောပြီးပြီ​လေ...."

နှုတ်ခမ်း အတွင်းသားကို ကိုက်ပြီး အသား​တွေပါ တုန်​နေတဲ့ သူမ ဘယ်​လောက်​တောင် နာ​နေလိုက်မလဲ?

"အဟင့်....အဟင့်...တော်ပါ​တော့။သူနဲ့ ပြန်လာတယ်ဆိုတာ
မလွှဲသာလို့ပါ။​တော်ပါ​တော့....e...e...e...."

သူမ ရှေ့မှာ ထိုင်ချပြီး သူမ ကို တားမရလို့ ငိုသာငို​နေမိတယ်။

lili အခု့လို လုပ်တာ။NiNi ကို ငို​စေခဲ့မိလို့​လေ။အခု့လဲ ပိုဆိုး​အောင် လုပ်မိပြန်ပြီလား!

"lili တောင်းပန်ပါတယ်။မငိုပါနဲ့​တော့"

"မင်း နှုတ်ခမ်း !"

သွေး​တွေ စီးကျပြီး သူမ ရဲ့ အောက်နှုတ်ခမ်း​လေး ယောင်​နေခဲ့တယ်။

"မင်း ဘာလို့ အခု့လို​တွေ လုပ်​နေရတာလဲ?
မင်း သွေးထွက်ကုန်ပြီ"

lili အတွက်နဲ့ ငို​နေတဲ့ ကောင်မ​လေးကို lili မကြည့်ရက်ပါ။
သူမ ကို ရင်ခွင်ထဲမှာ ထည့်ပြီး

"ရူးသွားတာ NiNi!
NiNi ကို ချစ်လွန်းလို့ lili ရူးသွားတာ"

"အဟင့်....အဟင့်.....လူဆိုး​ကောင်..."

"မသိဘူး။
lili ,NiNi ကို ခုနက ဟိုအ​ကောင်နဲ့ တွေ့ကတည်းက ဆိုးတက်သွားတာ"

ငို​နေရင်းနဲ့ ပြော​နေတဲ့ သူမ စကား​​တွေက မပြတ်သားခဲ့ပါ။

"ပျော်လား?အခု့လို နာ​အောင်လုပ်လိုက်ရလို့ ပျော်လား?"

"NiNi ကို မျက်ရည်​ကျ​အောင် လုပ်ခဲ့မိတဲ့ အတွက်
ဒီ​လောက်​တော့ lili ခံသင့်တယ် မဟုတ်လား!
တန်ပါတယ် အခု့ NiNi အချစ်​တွေကို lili ရပြီ​လေ"

ခုနက သူမ ကို နမ်းသာ နမ်း​နေမိတာ။သူမ မျက်နှာ​ကို မကြည့်ရဲခဲ့ဘူး။သူမ ဆီက ရလာမဲ့ ဒေါသ မျက်ဝန်း​တွေကို​ပေါ့

အခု့​​တော့ သူမရဲ့ စိတ်ပူ​နေတဲ့ မျက်ဝန်း​တွေ၊lili ကို ချစ်တဲ့ မျက်ဝန်း​တွေကို တွေ့ရဖို သူမ မျက်ဝန်း​တွေကို စိုက်​ကြည့်နေခဲ့မိ​ပေမဲ့ သူမက မျက်ရည်​တွေကြားက သူမရဲ့ မျက်ဝန်း​တွေ လွှဲထားခဲ့တယ်။

Only One ReasonWhere stories live. Discover now