[ᴜɴɪᴄᴏᴅᴇ]
Jennie Side
ဒီနိုင်ငံကို ခြေချကတည်းက မင်းဆီက ထွက်ပြေးနိုင်ခဲ့ပြီထင်ခဲ့တာ။ တကယ်တော့ တို့စိတ်က မင်းဆီမှာပဲ ကျန်နေခဲ့တာ။တို့ မလွတ်မြောက်သေးဘူး lili !
တို့ လွတ်ကော လွတ်နိုင်ပါ့မလား?ဒီနိုင်ငံက လှပပြီး ပျော်စရာတွေ များပါတယ်။ဒါပေမဲ့ တို့ မပျော်နိုင်ဘူး။
One year later
တစ်နှစ်တဲ့လား?တစ်နှစ်ဆိုတာ တကယ်တော့ လူတစ်ယောက်ကို မေ့ပစ်လို့ ရလောက်အောင် လုံလောက်တဲ့ အချိန်ပဲ မဟုတ်လား?ဒါပေမဲ့ တို့ အတွက်တော့ အဖြစ်အပျက်တွေက မနေ့ကလိုပါပဲ။မင်း အကြောင်းတွေးလိုက်တိုင်း ရင်တွေခုန်လာတက်သလို မင်း ကို လွမ်းမိတိုင် တို့ ရင်တွေ နာကျင်နေရတုန်းပါပဲ။
တို့ မင်းကို အရမ်းလွမ်းတယ် lili !
မင်းကို လွမ်းရတာ အရမ်း ပင်ပန်းတယ်။သတိရစိတ်က ပူလောင်မွန်းကြပ်နေဆဲပါ။"hay...jennie ,
ဒီည ကိုယ်တို့နဲ့ လိုက်အုံးမှာလား?""ဘယ်ကိုလဲ?"
"Johnson တို့ club ကိုလေ"
".........."
"come on...jennie!
ဟိုကောင်လဲ ရှိနေမှာ။""ok...see u tonight "
မင်းကို လွမ်းတိုင်း လွင့်မြောတက်တဲ့ တို့ စိတ်ကြောင့် တို့ တော်တော်လေး ပျက်ဆီးနေပြီ ထင်ပါတယ်။
တို့ အခု့ အရက်တွေ ဆေးလိပ်တွေ သောက်တက်နေပြီ။အဲဒီ အရာတွေက မင်း ကို လုံးဝ မေ့ပျောက်ဖို့ မကူညီရင်တောင် ခဏတာ အတွက်တော့ အထောက်အကူဖြစ်တယ် lili ။
မိဘကြောင့် ရခဲ့တဲ့ ဒဏ်ရာတွေက မင်း နဲ့ တွေ့တော့
သက်သာပျောက်ကင်းသွားပြီလို့ ထင်ခဲ့တာ။တကယ်တော့ ခဏတာ မေ့လျော့သွားခဲ့တာပါ။မင်း က တို့ရဲ့ ဒဏ်ရာတွေကို ပိုပြီး နက်ရှိုင်းအောင် လုပ်ပေးခဲ့သလိုပါပဲ။တို့ရဲ့ ဒဏ်ရာတွေကို ပိုပြီး နက်ရှိုင်းအောင် မင်းက အရောင်တင်ပေးခဲ့တာ lili !မင်းက တို့ရဲ့ ပထမဆုံး မက်ဖူးတဲ့ အိပ်မက်လေးပါ။မင်းကြောင့် ဖြစ်ဖော်ခဲ့တဲ့ အိပ်မက်လေးက မင်းကြောင့်ပဲ ပျောက်ဆုံးလွင့်ပြယ်ခဲ့ရပြန်ပြီ။
YOU ARE READING
Only One Reason