[ᴜɴɪᴄᴏᴅᴇ]
"lili.....သမီး"
"eomma ဘာတွေ ပြောနေတာလဲ?
chae appa က ဘယ်မှာလဲ?""eomma ပြောပြပါ့မယ်။ဒါပေမဲ့ chae ကိုတော့ ပြန်မပြောပါနဲ့။"
eomma တို့ဘေးကို ဝင်ထိုင်ပြီး eomma ဆီက စိတ်သက်သာရာ ရနိုင်မဲ့ စကားမျိုးကို မျှော်လင့်နေမိတယ်။ရှင်းရှင်းလင်းလင်းကြားလိုက်ရပေမဲ့ chae ရဲ့ appa မဟုတ်ပါစေနဲ့လို့ ဆုတောင်းနေမိတယ်။
"တကယ်တော့ chae ရဲ့ appa က အလုပ်ကိစ္စ ခရီးသွားနေတာ မဟုတ်ဘူး lili,သူ brain tumor
ဖြစ်နေတာ ။သူသိခဲ့တဲ့ အချိန်က နောက်ကျနေခဲ့ပြီ။သူ အခု့ဆေးရုံမှာ အလူးအလဲ ခံစားနေရရှာတယ်။သူ အခြေအနေကို chae လေး မသိဘူး။သူကိုယ်တိုင် မပြောပြခဲ့သလို eomma တို့ကိုလဲ မပြောပြခိုင်းခဲ့ဘူး။သူ အခု့ သတိရတစ်ချက် မရတစ်ချက်ပဲ သတိရတဲ့ အခါမျိုးဆို သူ ရှာနေမိတာ chae လေးကိုပဲ သူ chae လေး ဆိုတဲ့ နာမည်က လွဲပြီး ကျန်တာကို သူမမှိတ်မိတော့ဘူး။eomma ကို မြင်ရင်တောင် chae လေးလို့ပဲ ထင်နေတာ။eomma တို့ ဘာလုပ်ရမလဲ မသိဘူး lili ရယ်။chae လေးကိုလဲ ပြောပြချင်ပေမဲ့ ပြောပြလို့ အဆင်မပြေဘူး။"ဒီနေ့ တစ်နေ့လုံး အဆင်ပြေနေခဲ့ပြီလို့ ထင်ထားတာ။အခု့တော့ ပျော်ရွှင်မှုနဲ့ မမျှတတဲ့ ဝမ်းနည်းပူဆွေးမှုတွေက ရောက်လာခဲ့ပြီပဲ။lili ဝမ်းနည်းမှုတွေက မျက်ရည်ဖြစ်နေခဲ့ပြီ။appa က လွဲပြီး မရှိတဲ့ chae ကိုမှ ဘာလို့ ရက်စက်ရတာလဲ?သူမ သာ သိရင် ဘယ်လောက်တောင် ငိုနေလိုက်မလဲ?သူမ အရမ်းချစ်ရတဲ့ တစ်ဦးတည်းသော မိသားစု ဖြစ်တဲ့ appa က သူမ ကို ထားပြီး ထွက်သွားတော့မယ်သာ သိရင် သူမ ..သူမ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။lili တို့ဆီက ဘယ်လို နှစ်သိမ့်မှုမျိုးကမှ သူမ အတွက် အရာထင်နေမှာ မဟုတ်ဘူး။
"eomma မငိုပါနဲ့။အကောင်းဆုံး ဖြေရှင်းနိုင်မဲ့ နည်းလမ်း တစ်ခုတော့ ရှိနေမှာပါ။အခု့လောလောဆယ်တော့ မပြောပါနဲ့။chae အရမ်း ဝမ်းနည်းပြီး စာမေးပွဲဖြေနိုင်မှာ မဟုတ်ဘူး။စာမေးပွဲပြီးတဲ့ နေ့မှပဲ lili ပြောကြည့်လိုက်ပါ့မယ်။"
YOU ARE READING
Only One Reason