[ᴜɴɪᴄᴏᴅᴇ]
"ဟင်...soo...ဒါက..အွမ်း...."
chae ဘာမှ မပြောဖြစ်ခင် ပါးစပ်ကို အမြန်ပိတ်ပြီး
"chae...jiji အိမ်မှာ လွယ်အိတ်သွားယူမလို့ လိုက်ခဲ့ပေးပါလား?"
သူမကို မပါ ပါအောင် ထိန်းခေါ်ပြီး အဲဒီနေရာက ထွက်လာလိုက်တယ်။
မနေ့က ည jiji အိမ်ပြန်ရောက်တော့ eomma က ကြမ်းပြင်ပေါ်မှာ မူးလဲနေခဲ့တယ်။jiji မှာ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိတာနဲ့ appa ကို ဖုန်းဆက်ခေါ်လိုက်မိတယ်။ တစ်ညလုံးလဲ ဆေးရုံမှာ စောင့်ပေးနေရင်း ဒီနေ့ မနက်ရောက်တော့ ကျောင်းသွားဖို့အတွက် jiji ကို လိုက်ပို့ရင်း jen က မြင်သွားခဲ့တယ်။
"appa...! jiji နဲ့က ဘယ်လို"
"ဟို...appa..
appa ဒီနေ့ မနက် သမီးဆီလာတော့ လမ်းမှာ တွေ့လို့လေ အဲဒါနဲ့ appa လမ်းကြုံလို့ ခေါ်လာလိုက်တာ။jiji က သမီး သူငယ်ချင်းမဟုတ်လား?""jen မိတ်ဆက်မပေးဖူးဘူးလေ။appa နဲ့လဲ ဖုန်းတစ်ခါပဲ ပြောဖူးတာ မဟုတ်ဘူးလား?"
"အဲဒါက ဟို...appa..."
ဘာလို့ အယောင်ယောင်အမှားမှားနဲ့ ဖြစ်နေရတာလဲ?appa တစ်ခုခု လိမ်ထားတာလား?ဒါမှ မဟုတ်...appa ပြောတဲ့ appa သမီးဆိုတာ..
"အော်....uncle မြင်ဖူးတယ်လေ။ဟိုတစ်ခါ Ni..
unnie ပြောတုန်းက jiji ကို မြင်ဖူးတယ်""အော...ဟုတ်တယ်။ဟုတ်တယ်။အဲဒီတုန်းက သိတာ"
သူမ ယုံပါစေလို့ပဲ lili ဆုတောင်းနေမိတော့တယ်။စကားတွေက ရှေ့နောက် မညီနဲ့ သူမ ယုံပါ့မလား?
အဲဒီတုန်းက (lili ပြောလိုက်တာလေ)လို့ သေချာပြောလိုက်တာ jen မှတ်မိတယ်။appa နဲ့သာ တွေ့ဖူးရင် ...ဟာ...မသိတော့ဘူး။ဘာတွေလဲ။
lili ကပါ လိမ်ပြောပေးနေတာလား?မဖြစ်နိုင်ဘူး lili ကို ယုံတယ်။သံသဃစိတ်တွေကို လျော့ပြီး
"ဒါနဲ့ jen ဆီကို ဘာလို့ လာတာလဲ?"
🗯ဟူး....တော်ပါသေးရဲ့ သူမ ယုံသွားလို့🗯
"ဘာမှတော့ မဖြစ်ပါဘူး။jen ကို တွေ့ချင်လို့လေ။အခု့ ကျောင်းသွားမှာ မို့လား appa လိုက်ပို့မယ်လေ။"
YOU ARE READING
Only One Reason