[ᴜɴɪᴄᴏᴅᴇ]
"appa ကကော?"
"jiji..eomma တို့ အတူတူ နေရတော့မယ် ထင်တယ်။eomma ကို အမြန်ဆုံး လာခေါ်မယ်တဲ့"
"ရှင်....!"
"ဘာလို့လဲ သမီးရဲ့"
"ဟင့်အင် jiji appa နဲ့ လိုက် မနေချင်ဘူး။"
နေချင်တာပေါ့။jiji ဘဝ မှာ မရဖူးတဲ့ မိသားစုလေး တစ်ခုကို လိုချင်တာပေါ့။
"ဘာလို့လဲ သမီးရယ်...eomma တို့ ပြည့်စုံတဲ့ မိသားစုလေး တစ်ခုကို ပိုင်ဆိုင်ချင်ခဲ့တာ မဟုတ်လား"
"အခု့ ပြည့်စုံမှုထက် ပျော်ရွှင်မှုကိုပဲ လိုချင်တော့တယ် eomma ။ဘယ်သူ့ကိုမှ ထပ်ပြီး မထိခိုက်စေချင်ဘူး။"
"သမီး..."
"eomma နားတော့ jiji လည်း နားတော့မယ်။"
eomma ကျန်းမာရေးကြောင့် ဘာကိုမှ ထပ်မပြောဖြစ်ခဲ့တော့ပါဘူး။jiji အရာအားလုံးအတွက် တွေးပြီး စိတ်ပူနေမိတယ်။
==============================
"lili..."
"wae..chae လာလေ။
ဘာပြောစရာရှိလို့လဲ?"မျက်နှာငယ်လေးနဲ့ အခု့ချိန်ထိ မအိပ်သေးပဲ ဘာလို့ lili ဆီကို လာတာလဲ?ည တစ်နာရီ တောင် ထိုးနေပြီပဲ။
"lili နင် မအိပ်သေးဘူးလား?"
အိပ်ရာပေါ်မှာ ထိုင်ပြီး အရုပ်ကလေးကို သူမ ဖက်ထားခဲ့တယ်။
"အွမ်း စာလုပ်တာ အချိန် မကြည့်လိုက်မိဘူး။
နင်ကကော ဘာလို့ မအိပ်သေးတာလဲ?""ငါ အိပ်လို့ မပျော်လို့ lili,
ငါ appa ကို သတိရတယ်။appa ကို စိတ်ထဲမှာ အရမ်း သတိရနေတယ်။နောက်ပြီး ငါ appaကို စိတ်ပူနေမိတယ်။"ပြောရင်း မျက်ရည်တွေကျနေပြန်တယ်။lili ပြောလိုက်တဲ့ စကားကြောင့် သူမ တွေးပြီး စိတ်ပူနေတာလား?သူမ ဘေးနားကို သွားထိုင်ပြီး
"chae ရယ်...ငါ က စ လိုက်တာပါဟာ။appa က နင့်ကို သိပ်ချစ်တာ။နောက်ထပ် ဘယ်မိန်းမ မှ စိတ်ဝင်စားမှာ မဟုတ်ဘူး"
"ဟင့်အင် ငါ အဲဒီ အကြောင်းတွေ တွေးနေမိလို့ မဟုတ်ဘူး။ငါ့ စိတ်ထဲမှာ လေးပြီးတော့ စိုးရိမ်နေတာ။"
YOU ARE READING
Only One Reason