[ᴜɴɪᴄᴏᴅᴇ]
Ring....Ring....Ring.....
"hello chae..."
"soo...chae ခြံရှေ့မှာ ရောက်နေတာ။လူမတွေ့လို့"
"ဟင်....ဟုတ်လား?"
ဖုန်းက နာရီကို ကြည့်လိုက်တော့ ၄ နာရီ ကျော်ကျော်လေးသာ ရှိသေးသည်။
"အင်း...အင်း...jiji အခု့ လာခဲ့မယ်နော်။"
ဖုန်းကို ချလိုက်ပြီး....
"appa...
chae ရောက်နေပြီတဲ့
jiji သွားလိုက်အုံမယ်နော်""အေး...အေး..."
appa ကို ကူလုပ်ပေးနေတဲ့ ပစ္စည်းတွေကို ချပြီး သူမ ရှိရာ တံခါးဆီကို ပြေးသွားခဲ့တယ်။
ကားအပြင်မှာ ကားကို မှီပြီး ဖုန်းသုံးနေခဲ့တယ်။
"chae....!"
ခြံတံခါးကို ဖွင့်ပေးခဲ့ပြီး...
"လာလေ chae..."
"အင်း...."
သူမ ဝတ်လာတဲ့ အဖြူရောင် ဝတ်စုံလေးနဲ့ သူမ စီးလာတဲ့ ကားလေးနဲ့ အရမ်း လိုက်ဖက်တာပဲ။ကားက ကြီးတယ်ဆိုပေမဲ့ သူမ အရပ်နဲ့ သူမ style နဲ့ဆိုရင် ဒီကားဖြူလေးဟာ သူမ အတွက် အလိုက်ဖက်ဆုံးပါ။
jiji တွေးနေမိရင်း ကားကိုတောင် မနာလိုဖြစ်ခဲ့မိတယ်။
"chae...အစောကြီး ဘာလို့လာတာလဲ?"
"ဟုတ်တယ်။ဒီနေ့ အလုပ်ပြီးတာ စောလို့လေ...
ကူလုပ်စရာရှိရင် ကူလုပ်ပေးမလို့ လာခဲ့တာ။"သူမ ပုံစံလေးက ပေတူးလို့။အိင်္ကျီမှာလဲ ဖုန်တွေလား မသိ စွန်းထင်နေခဲ့တယ်။ နှာဖူးလေးမှာလဲ ချွေးပေါက်လေးတွေက စီးကျလို့။ဆံပင်လေးကလဲ သူမ မျက်နှာပေါ် မသေမရပ်နဲ့ ပြေကျနေခဲ့တယ်။အဲဒီလို မသေမရပ်မှုတွေကြားထဲမှာတောင် သူမ က လှနိုင်လွန်းပါတယ်။
"ဟာ....ဘာကို ကူလုပ်ပေးရမှာလဲ?စားဖို့ပဲ ဖိတ်လိုက်တာကို"
သူမ ကို ပြုံးပြရင်း
"chae လေ...ဒီခြံထဲ ဝင်လာကတည်းက ပန်းရနံ့လေးတွေ သင်းသင်းလေးရနေသလိုပဲ။လေကလဲ လက်ဆက်လိုက်တာ။"
YOU ARE READING
Only One Reason