EP 35

6.3K 542 59
                                        

[ᴜɴɪᴄᴏᴅᴇ]

Back⏪⏪⏪⏪

"ငါ ကျေးဇူးတင်ပါတယ် ငါ့ကို လက်ထပ်ပေးလို့"

"..........."

"ဒါ​ပေမဲ့ ငါ နင့်ကို လက်မထပ်နိုင်​တော့ဘူး lili "

လူကြားထဲမှာ lili လက်ကို ဖြုတ်ပြီး လက်မထပ်နိုင်​တော့ဘူးတဲ့။lili ဘယ်လို နားလည်ရမလဲ?

"နင် ဘာ​ပြောလိုက်တာ chae...!"

"ဟုတ်တယ် ငါ လက်မထပ်နိုင်​တော့ဘူး။ငါ appa စကားကို သေ​သေချာချာ အခု့ နားလည်သွားပြီ မို့ ငါ လက်မထပ်နိုင်ဘူး။appa က ငါ့ကို နင့်နဲ့ လက်ထပ်​စေချင်တဲ့ တစ်ခုတည်း​သော အ​ကြောင်းပြချက်က ငါ ပျော်ရွှင်​ဖို့အတွက်ပဲ။နင် နဲ့သာ လက်ထပ်ရင် ငါ ပျော်လိမ့်မယ်ဆိုလို့ appa က ထင်ခဲ့တာ။တကယ်​တော့ appa ရဲ့ ဆန္ဒကို ဖြည့်ဆည်း​ပေးဖို့ နင်နဲ့ လက်မထပ်လဲ ရတယ်။ငါ..ငါ ပျော်​ပျော်​နေနိုင်ရင်ကိုပဲ appa က ကျေနပ်​နေမှာ။နင် နဲ့သာ ငါ လက်ထပ်ဖြစ်ရင် နင့်ကို ချုပ်​နှောင်ထားမိတယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ ငါ နေ့နိုင် နောင်တ ရ​နေမှာ။ငါ အဲဒီလို အဖြစ်မျိုး အဖြစ်...အဖြစ်မခံနိုင်ဘူး lili !အခု့​တောင် ငါ ငါ နားလည်တာ တော်​တော် နောက်ကျသွားပြီ lili...!အဲဒီအတွက် ငါ တောင်းပန်ပါတယ်။ငါ တကယ် တကယ် တောင်းပန်ပါတယ်။"

lili ဘာလုပ်ရမလဲ?အားလုံးက ဖြစ်ပြီးသွားပြီ​လေ။ပြန်ပြင်ချင်ရင်​တောင် မမှီနိုင်​တော့တဲ့ အ​နေအထားမှာ lili အ​ရှေ့မှာ ငိုပြီး တောင်းပန်​နေတဲ့ သူမ ကိုပဲ နှစ်သိမ့်​ပေးရမလား?အခု့ချိန်ကျမှ ဒီလို စကား​တွေ ပြောလို့ စိတ်ဆိုးရမလား?သွားပြီ အားလုံးက ဖြစ်ပြီး​နေပြီ။

"ဟူး.....ရ...ရပါတယ်ဟာ"

ငိုချင်​နေတာကို ထိန်းထားခဲ့​ပေမဲ့ တုန်ရီ​နေတဲ့ အသံနဲ့ မျက်ရည်​တွေကို​တော့ မထိန်းနိုင်ခဲ့ဘူး။

"lili...နင်ကို ငါ မယူလဲ ငါ့အနားမှာ ရှိ​နေ​ပေးမယ် မဟုတ်လား?ငါ့မှာ နင်ကလွဲပြီး ဘယ်သူမှ မရှိဘူး lili !"

"ဒါ...ဒါ​ပေါ့..ငါ အမြဲရှိ​နေ​ပေးမယ်။ငါတို့က အမြဲတမ်း သူငယ်ချင်း​​တွေပဲ​လေ။နင် လိုအပ်တိုင်း ငါ ရှိ​နေ​ပေးမှာ​ပေါ့"

Only One ReasonWhere stories live. Discover now