[ᴜɴɪᴄᴏᴅᴇ]
အိမ်နေရင်း အဝတ်အစားတွေနဲ့ သူမ ပုံစံက အရမ်းကို မသပ်မရပ်နဲ့ပါ။
"chae....ဒီကို ဘာလို ရောက်လာတာလဲ?"
"jack နဲ့ နှစ်ယောက်ထဲ ထင်ပြီး soo ကို စိတ်ပူလို့....jack ကို မယုံလို့...!"
သူမ ရဲ့ စကားတွေက Jack တို့ မိသားစုကို အားနာစရာတွေ ဖြစ်ကုန်ခဲ့တယ်။appa တို့ကလဲ ဘာပြောရမလဲ မသိ ပါးစပ် အဟောင်းသားနဲ့။
"chae....! ဘယ်လို တွေ လျှောက်ပြောနေတာလဲ?
လာ...."
စကားအေးဆေး ပြောလို့ရမဲ့ hotel ရှေ့က ပန်းခြံထဲကိုသာ သူမ ကို ခေါ်လာခဲ့သည်။သူမ စကားတစ်ခွန်းမှ မပြော...jiji ခေါ်ရာ နောက်ကိုသာ လိုက်လာသည်။
"chae....ဘာလုပ်တာလဲ?
Jack တို့ မိသားစုကို အားနာစရာကြီး"
"ချစ်တယ်....."
"ဘာ...!chae....jiji ပြောနေတာ အဲဒီ အကြောင်းအရာ မဟုတ်ဘူးနော်"
"သိပါတယ်။chae ပြောလိုက်မိတာလဲ အားနာ စရာ ဖြစ်သွားတယ်ဆိုတာလဲ chae ကောင်းကောင်း သိတယ်။ဒါပေမဲ့......"
jiji ပုခုံး နှစ်ဖက်ကို ကိုင်ပြီး jiji ရဲ့ မျက်လုံးတွေကို သူမ သေချာ စိုက်ကြည့်နေခဲ့တယ်။အရင်က သူမ မျက်လုံးတွေကို jiji ပြန်ကြည့်နိုင်ပေမဲ့ အခု့တော့ သူမ မျက်လုံးတွေက အရမ်းကို ညှို့အားကောင်းနေခဲ့တယ်။jiji မကြည့်နိုင်လောက်အောင်ပေါ့။
"ဒါပေမဲ့....soo တို့ နှစ်ယောက်ထဲ hotel ကို လာတယ် ထင်ပြီး chae ရင်တွေ ဘယ်လောက်တောင် ပူလဲ soo သိလား?အခန်းထဲကို ဝင်သွားတဲ့ အချိန် chae ကမ္ဘာပျက်နေသလိုပဲ။အဲဒါကြောင့် chae ပြောလိုက်တာ။chae...chae soo ကို ချစ်တယ်။အရမ်း ချစ်မိနေတာ။Jack ကို မယူပါနဲ့နော်..."
🗯Aigoo....chae ရယ် ချစ်စရာကောင်းလိုက်တာ။🗯
"နေပါ....မနေ့က appa တို့ကို ခွင့်တောင်းရဲလား ပြောတော့ တွေဝေနေပြီးတော့..."
"ဟုတ်တယ်။chae တွေဝေနေခဲ့မိတာ။soo လဲ သိရဲ့သားနဲ့ chae appa ကို ဘယ်လောက်ထိ ချစ်လဲဆိုတာ။appa မရှိတဲ့ နောက်ပိုင်း မိသားစု မရှိပဲ chae တစ်ယောက်ထဲ အထီးကျန် နေခဲ့ရတာ။soo တို့ မိသားစု နဲ့ ခနလေး အတူတူ ရှိခဲ့ရတဲ့ အချိန်တွေက appa မရှိတော့တဲ့ နောက်ပိုင်း chae အတွက် အနွေးထွေးဆုံးသော အချိန်တွေပဲ။chae မဆုံးရှုံးချင်ဘူး။chae ဆုံးဖြတ်ချက် မှားသွားလို့ chae ဒီမိသားစုလေးနဲ့ မပတ်သက်ရမှာ နောက်ပြီး chae ကြောင့် soo မိဘတွေနဲ့ အဆင်မပြေမှာ chae တွေဝေနေခဲ့တာပါ။"
YOU ARE READING
Only One Reason