[ᴜɴɪᴄᴏᴅᴇ]
"မင်းတို့ နှစ်ယောက် စာသင်ချိန်မှာ ဘယ်ရောက်နေတာလဲ?"
lili တို့ ဘာမှ ပြန်မပြောပဲ ခေါင်းကိုသာ ငုံ့ထားခဲ့တယ်။
"ဟူး....မင်းတို့ ပုံစံ ကြည့်ရတာ မေးလဲ ဖြေမှာ မဟုတ်ဘူး။ဒီကွင်းကို ၅ ပတ် ပြေး"
"ရှင်....!"
lili ခြေထောက်က ပြေးရမဲ့ ဒဏ်ကို ခံနိုင်ပါ့မလား?
"ဟုတ် ပြေးပါ့မယ်။"
သူမ က ပြေးမယ်ဆိုတော့ lili ကပါ လိုက်ပြေးရတော့မှာပေါ့။လုပ်တုန်းက အတူတူဆိုတော့ ပြေးတော့လဲ အတူတူပေါ့။
သူမကတော့ ပုံမှန် ပတ်ပြေးနေပေမဲ့။lili ရဲ့ အရှိန်ကတော့ ပုံမှန်ထက် နည်းနည်းတော့ နှေးတယ်။
"lili မြန်မြန်ပြေးလေ!"
"ရှင်!"
"လာလို့"
"ဟုတ်"
သူမ ဘေးကို မှီအောင် ပြေးပြီး
"unnie ဖြေးဖြေး ပြေးပါ။lili မလိုက်နိုင်ဘူး။"
"တို့က ပုံမှန်ပဲ ပြေးနေတာပါ"
တစ်ပတ်ပြီး တစ်ပတ်ပြေးပြီး သုံးပတ်မြှောက် ပြေးပြီးတဲ့ အခါကျတော့
"unnie unnie...lili မပြေးနိုင်တော့ဘူး"
သူမ က ဆက်မပြေးပဲ မောလို့ ထင်တယ် ရပ်နေခဲ့တယ်။
"လူငယ် ဖြစ်ပြီး မော နေလိုက်တာ။"
"မဟုတ်ဘူး lili lili"
သူမ တကယ်ကို မောနေခဲ့တာပဲ။ချွေးတွေနဲ့ အရမ်းကိုလဲ ပျော့ဖက်နေခဲ့တယ်။
"lili မင်း အဆင်ပြေရဲ့လား။မင်း တကယ် မော နေတာလား?"
သူမ ရုတ်တရက် လဲ ကျသွားခဲ့တယ်။
"lili...lili....သတိထားအုံး...Ya...lisa...lisa...
လာကြပါအုံး!lisa ya....""ဘာဖြစ်တာလဲ?"
"ဆရာ လုပ်ပါအုံး lili လဲကျသွားလို့"
jen ရင်ထဲမှာ ငိုချင်လာခဲ့တယ်။အဲဒီ စိတ်နဲ့ အတူ မျက်ရည်တွေပါ ကျလာရပြန်ပြီ။
"lisa...lisa...
ခေါ်လို့ မရတော့ဘူး။ဆေးရုံပို့ရမယ်".
.
.
.
"unnie..."
YOU ARE READING
Only One Reason