[ᴜɴɪᴄᴏᴅᴇ]
"lili ya....!ငါ နင်သွားဖို့ အကုန် ပြင်ပေးပြီးပြီနော်။အိင်္ကျီအဝတ်အစားကတော့ နည်းနည်းပဲ ထည့်ပေးထားတယ်။လိုတာရှိရင်လဲ ဟိုမှာပဲ ဝယ်လိုက်"
ရေချိုးရင် ကြာ တက်တဲ့ သူမ ကို chae အပြင်ကနေ အော် ပြောနေရတယ်။
"အေးပါ....."
ခရီးသွားရမှာ မို့ ခေါင်းလျှော်နေပါတယ်ဆို။ တစ်နေ့လုံး မှာနေတာ မပြီးတော့ဘူး။အရင်ကလဲ ခရီးသွားနေကြပါ။ဒီလောက် မမှာပါဘူး။အခု့မှ ဘာဖြစ်နေတာလဲ မသိဘူး။
"lili...ရေမြန်မြန်ချိုးလေဟာ....."
"အေးပါဟာ...အေးပါ"
မတက်သာတဲ့ အဆုံး ရေကို မြန်မြန် ချိုးပြီး ထွက်လာလိုက်ရတော့တယ်။
"li..."
"အေး...ပြီးပြီ
နင် ဘာဖြစ်နေတာလဲ chae...နာရီကိုလဲ ကြည့်အုံး မနက် ၁၀ နာရီပဲ ရှိနေသေးတာလေ။သွားရမှာက နေ့လည် ၂ နာရီမှ မဟုတ်လား?ပွစိ ပွစိ နဲ့"chae ကို စိတ်ဆိုးပြီး ဆူပုတ်နေတဲ့ မျက်နှာနဲ့ ဆံပင် ရေသုတ်နေတဲ့ သူမ ကို ကြည့်ပြီး ပြုံးနေမိတယ်။
"ပွစိ ပွစိ ပြောတာ မဟုတ်ပါဘူးဟာ။စောသေးတာလဲ သိပါတယ်။ဒါပေမဲ့ ရေကြာကြာချိုးမဲ့ အစား အလုပ်အကြောင်းတွေးဖို့ အချိန်ပိုရအောင်ပါ။လိုအပ်တဲ့ စာရွက်စာတမ်းတွေလဲ နင် မကြည့်ရသေးဘူးမို့လား?အခု့ ကိစ္စက အရမ်း အရေးကြီးတယ် lili !မြေက ငါတို့ ရမှကို ဖြစ်တာ။လိုအပ်ရင် စျေးပိုပေးလိုက်"
"အေးပါ ငါ သိပါတယ်။"
စကားပြောနေရင်း lili ကို ခုံပေါ်မှာ ထိုင်ခိုင်းပြီး သူမ က dryer နဲ့ ဆံပင်းကို မှုတ်ပေးနေခဲ့တယ်။lili ကတော့ သူမ ချပေးတဲ့ စာရွက်တွေကို ကြည့်နေမိတယ်။
"ဒါနဲ့ chae ဒီစာရွက်တွေထဲမှာ မြေ အကျယ် မပါဘူးနော်!မြေက ဘယ်လောက်ကျယ်လဲ?"
"၄၃၅၆၀ စတုရန်းပေရှိတယ် lili"
"what?"
lili မျက်လုံးတွေ ပြူကျယ်သွားပြီး သူမ ဘက်ကို လှည့်ကြည့်ခဲ့တယ်။သူမ က lili ဦးခေါင်းကို ပြန်တည့်ပေးပြီး လုပ်စရာရှိတာ ဆက်လုပ်နေခဲ့တယ်။
YOU ARE READING
Only One Reason